ဧရာဝတီတိုင်းမ်
စစ်တွေ၊စက်တင်ဘာလ ၁၉ ရက်

စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ ရခိုင်အမျိုး သမီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဒေါ်ညိုအေးကို စက်တင်ဘာလ ၁၈ရက်၊ဒီနေ့ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဥ်မှာ အရေးပေါ်ဆေး ကုသမှုခံယူခဲ့ရပါတယ်။

ဒေါ်ညိုအေးဟာ သွေးတိုး၊ဆီးချိုနဲ့နှလုံးရောဂါတွေကို ခံစားနေရတာဖြစ်ပြီး ဒီနေ့ ရုံးထုတ်စစ်ဆေးစဥ်မှာ သွေးအဆမတန်တိုးလာတာကြောင့် စစ်တွေမြို့ ကုတင်(၁၀၀)ဆေးရုံမှာ အရေးပေါ် ဆေးကုသမှုခံ ယူခဲ့ရတာဖြစ်ပါတယ်။

“အပေါ်သွေး ၂၀၀ ၊အောက်သွေး ၁၀၀ အထိ တက်လာလို့ ဒီကိုရောက်လာခဲ့တာ။အခုတော့ အပေါ်သွေး ၁၆၀ ၊အောက်သွေး ၈၀ လောက်အထိတော့ ကျသွားပါပြီ” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

သူမကို စစ်တွေမြို့၊မင်းဂံရပ်ကွက်ရှိရခိုင်အမျိုးသ မီးများကွန်ရက်ရုံးမှပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၁၃ရက်နေ့က စစ်တွေမြို့ရှိရခိုင်ပြည်ကျောင်းသားများသမဂ္ဂရုံးမှာပြုလုပ်ခဲ့တဲ့ ၅၆ နှစ်မြောက်စစ်တွေဆန်ပြဿနာနေ့အောက်မေ့ဖွယ်
နေ့သို့တက်ရောက်ခဲ့တယ်ဆိုပြီးနိုင်ငံ တော်ဆူမှုဖြစ်အောင်အားပေးလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့အမှုဖွင့်ခဲ့ပါတယ်။

(ဓာတ်ပုံ-ဒေါ်ညိုအေးကို ဆေးရုံသို့ယူဆောင်လာစဥ်/BNA)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times