ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၇ ရက်

ယူကရိန်းသမ္မတ ဇီလန်စကီး ပိုင်ဆိုင်တဲ့ နေအိမ်တစ်လုံးအပါအဝင် သိမ်းပိုက်ခံ ခရိုင်းမီးယားဒေသရှိ ယူ ကရိန်းနိုင်ငံပိုင် အဆောက်အအုံများစွာကို ရောင်းချမယ်လို့ ရုရှား ခန့်အပ်ထားတဲ့ တာဝန်ရှိသူတွေက ကြေညာ လိုက်ပါတယ်။

ခရိုင်းမီးယားသမ္မတနိုင်ငံ ကောင်စီဉက္ကဌ ဗလာဒီမာကွန်စတန်တီနော့ဗ်က နိုင်ငံပိုင်အဖြစ် သိမ်းယူထား တဲ့ နေအိမ်အဆောက်အအုံ ၁၀၀ အား ရောင်းချမယ့် အစီအစဉ်တွေကို တယ်လီဂရမ်မှာ ကြေညာခဲ့ပါတယ်။

ရောင်းချမယ့် နေအိမ်အဆောက်အအုံတွေထဲမှာ လူနေအိမ်ခန်းတွေ၊ ဇီလန်စကီးပိုင်ဆိုင်တဲ့ တိုက်ခန်း၊ အ ပန်းဖြေစခန်းနဲ့ အရောင်းဆိုင်တွေ ပါဝင်တယ်လို့ သူက ဆိုပါတယ်။

နေအိမ်အဆောက်အအုံတွေ ရောင်းချမှုမှ ဒေါ်လာ ၈ ဒသမ ၂ သန်းခန့် ရရှိဖို့ ရုရှားခန့်အပ်ထားတဲ့ အာ ဏာပိုင်တွေက မျှော်မှန်းတယ်လို့ ကွန်စတန်တီနော့ဗ်က ပြောပါတယ်။

ခရိုင်းမီးယားဒေသရှိ ယူကရိန်းနိုင်ငံပိုင် နေအိမ်အဆောက်အအုံတွေကို ဖော်ထုတ်ဖို့ အထူးလုပ်ငန်းအဖွဲ့ က လုပ်ဆောင်မယ်လို့ ခရိုင်းမီးယား လွှတ်တော်ဉက္ကဌလည်းဖြစ်သူ ကွန်စတန်တီနော့ဗ်က ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံက ယူကရိန်းထံမှ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့ပါတယ်။ ခရိုင်းမီးယား ကျွန်းဆွယ် ကျူးကျော်သိမ်းပိုက်မှုက တရားမဝင်ဘူးလို့ ကမ္ဘာတစ်ဝန်းရှိ အင်အားကြီးနိုင်ငံအများစုက ရှုမြင်ပါ တယ်။

ယူကရိန်းနိုင်ငံဟာ မကြာသေးမီက ခရိုင်းမီးယားဒေသမှာ စစ်ဆင်ရေးအချို့ ပြန်လည်လုပ်ဆောင်ကာ ဒုံး ကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။

ရုရှား ရေတပ်အခြေစိုက်စခန်းတွေ၊ စစ်သင်္ဘောတွေကို ပစ်မှတ်ထားတဲ့ ခရိုင်းမီးယားဒေသကို ယူကရိန်း ရဲ့ တိုက်ခိုက်မှုတွေက တန်ပြန်ထိုးစစ်ဆင်မှု မဟာဗျူဟာအတွက် အရေးပါတယ်လို့ ယူကရိန်း သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။
ကိုးကား – CNN

Ref; Russian-installed officials selling Ukrainian properties including Zelenskyy’s in Crimea