ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၇ ရက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအတွင်း ဒီမိုကရေစီအုပ်ချုပ်မှုကို ဖြုတ်ချခဲ့တဲ့ မြန်မာစစ် ကောင်စီရဲ့လက်တွင်း မြန်မာပြည်သူတွေရဲ့ ဘေးဒုက္ခအဆုံးသတ်ရေး နိုင်ငံတကာက ဖိအားပေးဖို့ အဓိကပါတီ တွေမှ အမေရိကန်လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။
“မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ဉီးစားပေးဖို့ ကျွန်တော်တို့ လုပ် ဆောင်နေပါတယ်” လို့ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကြားနာပွဲတစ်ခုအပြီးမှာ ရီဗက် ပလီကင်အမတ်နဲ့ လူ့အခွင့်အရေးကော်မရှင် ဒုတိယဉက္ကဌ ခရစ်စမစ်က ပြောပါတယ်။
အိန္ဒိယ၊ တရုတ်နဲ့ရုရှားမှ စစ်ကောင်စီထံ လက်နက်စီးဆင်းမှု ရပ်တန့်ရေး ထပ်မံ ကြိုးပမ်းကြဖို့လည်း သူ က တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေ ကြုံတွေ့ခဲ့ရတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို အရေးယူနိုင်အောင်နဲ့ မမေ့ပျာက်အောင် ကော် မတီက လုပ်ဆောင်ဖို့လိုတယ်လို့ ဒီမိုကရက်အမတ်တစ်ဉီးဖြစ်တဲ့ အီဟန်အိုမာက ကော်မတီဝင်တွေကို ပြောပါ တယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့နဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူကို အမေရိကန်အစိုးရနဲ့ နိုင် ငံတကာအသိုင်းအဝိုင်းက အားပေးထောက်ခံတယ်လို့ ကော်မရှင်ဒုတိယဉက္ကဌနဲ့ လူ့အခွင့်အရေးရှေ့နေတစ်ဉီးဖြစ် တဲ့ ဒီမိုကရက်တစ် ဂျိမ်းမက်ဂိုဗန်က ပြောပါတယ်။
အမေရိကန်အစိုးရက စစ်ကောင်စီအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးဖိအားပေးဖို့ ကြိုးပမ်းမှုတွေကို နိုင်ငံခြား ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတွေက ထွက်ဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် မြန်မာ ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီ ပေးအပ်ဖို့လိုအပ်မှုကို မီးမောင်းထိုးပြခဲ့ပါတယ်။
စစ်အာဏာရှင်တွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေ အရှိန်မြှင့်ပြီး အဓိက ဝင်ငွေရပေါက်ဖြစ်တဲ့ ရေနံနဲ့ ဓာတ်ငွေ့ရောင်းချမှုကို ပစ်မှတ်ထားအရေးယူဖို့ အမေရိကန် ကွန်ဂရက်အမတ်ဟောင်း ကုလသမဂ္ဂ လူ့အခွင့်အ ရေးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက အမေရိကန်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက်ဖြစ်တဲ့ MOGE က မြန်မာနိုင်ငံရဲ့ ပြည်ပဝင်ငွေထက်ဝက်ခန့်ဖြစ်တဲ့ ဝင်ငွေ နှစ်စဉ် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ရရှိတယ်လို့ ခန့်မှန်းရပါတယ်။
ကိုးကား – VOA
Ref; US Lawmakers Stress Need for Pressure on Myanmar to End Rights Crisis