(တိုက်ပွဲကာလတုန်းက အဖမ်းခံခဲ့ရသူတစ်ရာဝန်း ကျင်မလွတ်ဘဲ ကျန်နေ‌သေးပြီး ရက်ပိုင်းအတွင်းငါးဦးကို ထောင်ဒဏ်ချမှတ်ခဲ့)

ဧရာဝတီတိုင်းမ်
ကျောက်တော်၊ စက်တင်ဘာလ ၁၇ ရက်

စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော်(AA) နဲ့ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရသူတွေကို လွှတ်မပေးတဲ့အပြင်ထောင်ဒဏ်အမိန့်ချမှတ်တာတွေပါလုပ်နေတဲ့အတွက် နှစ်ဖက်ညှိနှိုင်းမရရင် အ ခြေအနေတင်းမာမှုတွေ ဖြစ်နိုင်လာတယ်လို့ ရခိုင်လွှ တ်တော်အမတ်ဟောင်းနဲ့ရခိုင်ပြည်သူတွေက ထော က်ပြကြပါတယ်။

စစ်ကောင်စီနဲ့ AAရဲ့ အပစ်ရပ်ကတိထဲမှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရမယ်ဆိုတဲ့အချက်ပါ ဝင်ပေမယ့် စစ်ကောင်စီကတော့ ဖမ်းဆီးထားသူတွေအကုန်လုံးကို လွှတ်မပေးသေးတဲ့အပြင် တရားရင်ဆိုင်နေရဆဲသူတွေကိုပါ ထောင်ဒဏ်အမိန့်တွေ ချမှတ်နေတာဖြစ်ပါတယ်။

“AA ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင် စီနဲ့တရားဝင်ပြောဖို့လိုတယ်လို့ယူဆတယ်။ဒီလိုဟာတွေ ဖြစ်နေတယ်ဆိုပြီးတော့ အသိပေးဖို့၊သတိ ပေးဖို့ လိုအပ်တယ်လို့မြင်ပါတယ်။စစ်ကောင်စီဘက်ကလည်း အဲဒီလိုကတိကဝတ်တွေနဲ့ပတ်သက်လို့ ဆင် ခြင်ဖို့လိုတယ်။ ဖမ်းထားတဲ့သူတွေကို လွှတ်ပေးဖို့လိုပါတယ်။”လို့ ရခိုင်ပြည်သူ့လွှတ်တော်အမတ်ဟော င်း ဦးဖေသန်းက ထောက်ပြပါတယ်။

စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်းမှာပဲ စစ်တွေ၊ကျောက်တော်နဲ့အမ်းမြို့နယ်မှ AA နဲ့ဆက်စပ်ဖမ်း ဆီးခံထားရသူ ငါးဦးကို ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

အဲဒီအပြင် ရခိုင်က အမျိုးသမီးအရေးလှုပ်ရှားသူ ရခိုင်အမျိုးသမီးများကွန် ရက်ဥက္ကဋ္ဌဒေါ်ညိုအေးကိုလည်း ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးတရားစွဲထားပြီး ကျောင်းသားလူငယ်တချို့ကိုလည်း အမှုဖွင့်ထားပါတယ်။

“သူတို့ အပြောနဲ့အလုပ်မညီဘူး။ဒါဟာ လူ့အခွင့်အ ရေးချိုးဖောက်မှုတစ်ခုဖြစ်တယ်။မတရားဖမ်းဆီးချုပ်နှောင်မှုဖြစ်တယ်။”လို့ လိုက်ပါကူညီပေးနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

အဲဒီအပြင် စစ်ကောင်စီက ထောင်ဒဏ်အမိန့်ချမှတ်နေတဲ့သူတွေဟာလည်း မတရားစွပ်စွဲခံခဲ့ကြရသူတွေသာဖြစ်ပြီး ဖမ်းဆီးခဲ့စဉ်ကတည်းက သက်သေတစုံတရာမရှိဘဲ မတရားဖမ်းဆီးခံခဲ့ကြရတာလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီလုပ်ရပ်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ AA ကြား ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်မပြေရင် တင်း မာမှုတွေဖြ စ်လာနိုင်တဲ့အတွက် စစ်ကောင်စီအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေအပေါ် ဆင်ခြင်ဖို့လိုအပ်တယ်လို့ ရခိုင်ပြည်သူတွေက ထောက်ပြပါတယ်။

“ပြောလို့ဆိုလို့မရ၊ဆွေးနွေးလို့မရ၊သူတို့မှာသတ်မှ တ်ထားတဲ့လမ်းကြောင်းကနေ ညှိနှိုင်းလို့မရဘူးဆိုရင်တော့ အခြေအနေတင်းမာလာနိုင်တာပေ့ါ။တချိန်ချိန်မှာတော့ တဖက်နဲ့တဖက် ပိုပြီးတော့ ခံစားချက်ပြင်းပြင်းနဲ့ တုန့်ပြန်လာနိုင်တဲ့အခြေအနေလည်း ရှိတယ်။ကျောက်ဖြူမှာဖြစ်ခဲ့တဲ့ကိစ္စ တဖက်က ဖမ်းတာနဲ့တဖက်ကပြန်ပြီးဝင်ဖမ်းတယ်။အဲလိုကိစ္စတွေ၊ပါးကိုက် နားကိုက်ပုံစံမျိုးလည်း ဖြစ်လာတတ်တ ယ်။”လို့ ဦးဖေသန်းက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်မှာတည်ငြိမ်အေးချမ်းမှုကိုလိုလားတယ်ဆိုရင်တော့ အဲဒီလုပ်ရပ်တွေကို ရပ် တန့်ဖို့လိုတယ်လို့ ရခိုင်ပြည်သူတွေက ထောက်ပြကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင် ဘာလ ၆ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ဂေါ်တူကျေးရွာမှ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) အုပ်ချု ပ်ရေးအဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး AA ကလည်း စစ်ကောင်စီတပ်အရာရှိတစ်ဦးနဲ့စစ်ကောင်စီလက် အောက်ခံရဲ နှစ်ဦးကို ပြန်လည်ဖမ်းဆီးခဲ့တာမို့ အ ခြေအနေတင်းမာမှုတွေ ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ နှစ်ဖက်ညှိနှိုင်းမှုနဲ့ ပြန်လွှတ်ပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရခိုင်တကျော့ပြန်တိုက်ပွဲကာလတုန်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရသူတဲ့ အပြစ်မဲ့အ ရပ်သားပြည်သူပေါင်း ၆၀၀ ဝန်းကျင်ထိရှိခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီလက်အောက်မှာ ချုပ်နှောင်ခံနေရသူ တစ်ရာဝန်းကျင်ကျန်နေသေးတယ်လို့ AA နဲ့ အရပ်ဖက်အဖွဲ့တွေက ဆိုကြပါတယ်။

စစ်ကောင်စီနဲ့ AAဟာ ပြီးခဲ့တဲ့ကိုးလ‌ကျော်ကြာ ၂၀၂ ၂ခုနှစ်၊နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး နီပွန်ဖောင်ဒေးရှင်းရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအပစ်ရပ်ကတိမှာ ကုန်စည်၊ဆေးဝါးသယ်ယူရေး၊ဆက်သွယ်ရေးလမ်း ကြောင်းတွေ ဖွင့်ပေးဖို့၊ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ကတိထားခဲ့ကြတယ်လို့ AA က ထုတ်ပြောပါတယ်။

အဲဒီကတည်းက ရခိုင်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပါဘူး။

(ဓာတ်ပုံ-စစ်တွေမြို့ပေါ်မှစစ်ကောင်စီမတရားဖမ်း ဆီးအမှုဖွင့်ထားတဲ့ ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌဒေါ်ညိုအေး/အေးမြသန္တာ)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times