ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်

အမေရိကန် အောက်လွှတ်တော်နာယက နန်စီပီလိုစီက ထိုင်ဝမ်ကို သွားရောက်မယ်ဆိုရင် ခိုင်မာတဲ့ အ ရေးယူမှု အစီအမံတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရက ဒီနေ့ သတိပေးလိုက်ပါတယ်။

နန်စီပီလိုစီက လာမယ့်လအတွင်း ထိုင်ဝမ်ကို သွားရောက်မယ်လို့ Financial Times သတင်းစာက ဖော် ပြခဲ့တာပါ။ နန်စီပီလိုစီဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနဲ့ စင်ကာပူကိုလည်း သွားရောက်ကာ ဟာဝိုင်အီကျွန်းက အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ကွပ်ကဲမှုဌာနချုပ်မှာ နေထိုင်မယ်လို့ အဆိုပါသ တင်းစာက ဖော်ပြပါတယ်။

နန်စီပီလိုစီရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်မပေးခဲ့သလို ထိုင် ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ မရသေးဘူးလို့ ဆိုပါတယ်။

နန်စီပီလိုစီရဲ့ ဧပြီလအတွင်း ထိုင်ဝမ်ကိုသွားရောက်မယ့် ခရီးစဉ်ကို ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ရွှေ့ ဆိုင်းခဲ့တာဖြစ်ပါတယ်။ နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်က တရုတ်-အမေရိကန်ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက် စေမယ်လို့ တရုတ်နိုင်ငံက ပြောကြားခဲ့ပါတယ်။

နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်က တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ဆိုး ရွားစွာ ထိခိုက်စေမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လိကျန်က ပေကျင်းမြို့ တော်မှာ ပြောကြားလိုက်ပါတယ်။

“နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ် တစ်ကယ်ဖြစ်လာရင် အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ကာကွယ်စောင့်ရှောက်ဖို့ တရုတ်နိုင်ငံက အရေးယူမှု အစီအမံတွေ လုပ်ဆောင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါ တယ်။

“ဒီခရီးစဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အားလုံးကို အမေရိကန်ပြည်ထောင်စုက အပြည့်အဝ တာဝန်ယူရမှာဖြစ်ပါတယ်” လို့ ၄င်းက ပြောပါတယ်။

တရုတ်နိုင်ငံကို အမြဲလိုလို ဝေဖန်လေ့ရှိသူ နန်စီပီလိုစီက အမေရိကန်နဲ့ ဟွန်ဒူးရပ်စ်ခရီးစဉ် ပြီးဆုံးခဲ့တဲ့ ထိုင်ဝမ် ဒုတိယသမ္မတ ဝီလီယံလိုင်နဲ့ အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။
နန်စီပီလိုစီက ထိုင်ဝမ်ကို သွားရောက်သင့် မသင့်နဲ့ပတ်သက်လို့ အမေရိကန်အစိုးရအဖွဲ့အတွင်း သဘော ထားကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ကိုးကား – CNA
Ref; China warns of ‘forceful measures’ if US House Speaker Nancy Pelosi visits Taiwan