ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှ နိုင်ငံခြားရေးဝန်ကြီးတွေက ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီ ယူရို သန်း ၅၀၀ ထပ်မံ ပေးအပ်ဖို့ သဘောတူညီလိုက်ပါတယ်။

ဝန်ကြီးတွေက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေ တင်းကျပ်ဖို့နဲ့ လက်ရှိအစီအမံတွေမှာ ထွက် ပေါက်မရှိအောင် ပိတ်ဆို့ထားဖို့ သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးပြီးနောက် သတင်း စာရှင်းလင်းပွဲမှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဘော် ရယ်က ပြောပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်တဲ့ ရုပ်သံရှင်း လင်းပွဲတစ်ခုအပြီးမှာ စစ်ရေးအကူအညီ ယူရို သန်း ၅၀၀ ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်ပွဲကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ ခိုင်ခိုင်မြဲမြဲ ဆက်လက် ရည်တည်ဖို့ လိုအပ်တယ်ဆိုတာကို ဝန်ကြီးတွေက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့တယ်လို့ ၄င်းက ပြောပါ တယ်။

ဥရောပသမဂ္ဂရဲ့ ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီ ပေးအပ်မှုက လက်ရှိအချိန်မှာ ယူရို ၂ ဒသမ ဘီလီ ယံအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

ဥရောပကော်မရှင်ရဲ့ ရုရှားရွှေတင်သွင်းမှုတွေအပေါ် ပိတ်ပင်ဖို့နဲ့ ဒဏ်ခတ်အရေးယူမှုတွေ သက်တမ်းတိုး ရေး အဆိုပြုချက်ကိုလည်း ဝန်ကြီးတွေက ဆွေးနွေးခဲ့တယ်လို့ ၄င်းက အတည်ပြုခဲ့ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှ သံအမတ်ကြီးတွေက အဲဒီကိစ္စတွေကို ဒီသီတင်းပတ်အတွင်း ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Xinhua
Ref; EU agrees additional 500 mln euros in military aid for Ukraine