
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
မြန်မာနိုင်ငံမှာ လာမယ့်သီတင်းပတ်အတွင်း စီစဉ်ကျင်းပမယ့် အာဆီယံလေတပ်ချုပ်များ အစည်းအဝေး ကို အာဆီယံလေတပ်ချုပ်အချို့ တက်ရောက်မှာမဟုတ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့ ရုန်းကန်နေရတဲ့ စစ်ကောင်စီကို ဒေသတွင်းမှာ ပိုပြီး အထီးကျန်ဆန်လာစေပါတယ်။
ကာကွယ်ရေး၊ အစွန်းရောက်ဝါဒတိုက်ဖျက်ရေးနဲ့ ဘေးအန္တရာယ်ကယ်ဆယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံ ၁၀ နိုင်ငံမှ လေတပ်အကြီးအကဲတွေဟာ အာဆီယံလေတပ်ဉီးစီးချုပ်များညီလာခံကို နှစ်စဉ် ကျင်းပပါ တယ်။
လက်ရှိ အလှည့်ကျဥက္ကဌ မြန်မာနိုင်ငံက လာမယ့်သီတင်းပတ်အတွင်း အာဆီယံလေတပ်ချုပ်များ အ စည်းအဝေးကို လက်ခံကျင်းပမှာဖြစ်ပေမယ့် အာဆီယံ ၃ နိုင်ငံက မတက်ရောက်ဖူးလို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အတိုက်အခံတွေကို တိုက်ခိုက်နေတဲ့ မြေပြင်တပ်ဖွဲ့တွေကို ပံ့ပိုးတဲ့အနေနဲ့ တရုတ်နဲ့ရုရှားထုတ် ဂျက်တိုက်လေယာဉ်တွေကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ် ကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲခံထားရပါတယ်။
အာဆီယံလေတပ်ချုပ်များညီလာခံကို ဉီးဆောင်ကျင်းပမယ့် မြန်မာလေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို အမေရိကန်နဲ့ဗြိတိန်က ဒဏ်ခတ်အရေးယူထားပါတယ်။
ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံမှ လေတပ်အကြီးအကဲတွေက မြန်မာနိုင်ငံမှာပြုလုပ်မယ့် အာဆီ ယံလေတပ်ချုပ်များညီလာခံကို မတက်ရောက်ဖူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မလေးရှားလေတပ်အကြီးအကဲက အစည်းအဝေးကို မတက်ရောက်ဖူးလို့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောကြားခဲ့သလို ဖိလစ်ပိုင်လေတပ်ချုပ်က အစည်းအဝေးသို့ လူကိုယ်တိုင်မတက်ဘဲ ရုပ်သံဖိုင်တစ်ခုနဲ့ သတင်းစ ကား ပေးပို့မယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားလေတပ်ဖွဲ့အကြီးအကဲက အစည်းအဝေးသို့ တက်ရောက်မှာမဟုတ်သလို ကိုယ်စားလှယ် လည်း မစေလွှတ်ဖူးလို့ လေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာဆောင်ကိုဂျာတီက ပြောပါတယ်။
ကမ္ဘောဒီးယားလေတပ်ဖွဲ့ အကြီးအကဲ ဆောင်ဆမ်နန်က အစည်းအဝေးသို့ တက်ရောက်ခြင်း ရှိ မရှိ မှတ် ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနကိုတော့ မှတ်ချက်တောင်းခံဖို့ ဖုန်းခေါ်ဆိုလို့မရပါဘူး။
စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်လေတပ်ဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာကျင်းပမယ့် အာဆီယံလေတပ် ချုပ်များညီလာခံ တက်ရောက်ဖို့ ရှိ မရှိ မှတ်ချက်တောင်းခံရာမှာ တုံ့ပြန်မှုမပေးပါဘူး။
ထိုင်းလေတပ်ဖွဲ့ အကြီးအကဲကတော့ အိမ်နီးချင်း မြန်မာနိုင်ငံသို့ အစည်းအဝေးတက်ရောက်ဖို့ သွား ရောက်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းမှုဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားတွေကို ထောက်ခံတဲ့ အ ရပ်သားတွေအပေါ် စုပေါင်းအပြစ်ပေးမှုအဖြစ် လေကြောင်းတိုက်ခိုက်မှုတွေကို အသုံးပြုဖွယ်ရှိတယ်လို့ နိုင်ငံတ ကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ၂၀၂၂ ခုနှစ်အတွင်း ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၂ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ ကျော် လုပ်ဆောင်ခဲ့ တယ်လို့ ကုလသမဂ္ဂက မတ်လအတွင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
ပုံစာ – ၂၀၁၇ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံ လေတပ်ချုပ်များ အစည်းအဝေး (ဓာတ်ပုံ – ဖိလစ်ပိုင်လေတပ်)
#အာဆီယံ #လေတပ် #အစည်းအဝေး #Ayeyarwaddy_Times