
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
အာဆီယံအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးစီမံချက်ကို အပြည့်အဝ ဖော်ဆောင်ဖို့ စစ်ကောင်စီကို တွန်းအားပေးရမှာဖြစ်သလို အဆင့်မြင့်အစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်တွေကို ကိုယ်စားပြုခွင့်မပေးရ ဘူးလို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စက်တင်ဘာလ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ဒီလိုမှမဟုတ်ရင် အာဆီယံအဖွဲ့ရဲ့ အများယုံကြည်လက်ခံနိုင်စွမ်းနဲ့ အာဆီယံဗဟိုပြုမှုကို ထိခိုက်မှာဖြစ် ပြီး အရေးပါတဲ့မိတ်ဖက်တွေနဲ့ ဆက်ဆံရေးအရှိန်မြှင့်ဖို့ လိုအပ်နေချိန်မှာ အဲဒီနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုကို သက်ရောက်မှုရှိစေလိမ့်မယ်” လို့ သူက ဆိုပါတယ်။
ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကို အပြင်းအထန် ရှုတ်ချပြီး အလှည့်ကျဥက္ကဌတာဝန်ကို မြန်မာအစား ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးဖို့ အာဆီယံခေါင်းဆောင်တွေ က ဆုံးဖြတ်ချိန်မှာ လီရှန်လွန်းက အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် အာဆီယံအဖွဲ့ရဲ့ လမ်းညွှန်မြေပုံဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့အ ရေး ဖြေရှင်းရာမှာ အဓိက အကိုးအကားအဖြစ် ဆက်ရှိနေမယ်လို့ အာဆီယံခေါင်းဆောင်တွေရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံဥက္ကဌသက်တမ်းအတွင်း သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံတာ အပါအ ဝင် ကြိုးပမ်းမှုတွေက လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ တိုးတက်မှုရှိစေခဲ့တယ်လို့ လီရှန်လွန်းက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုအခြေအနေက ဆိုးရွားနေဆဲဖြစ်ပြီး အကြမ်း ဖက်မှုတွေ ဆက်ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ ခက်ခဲသောကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ စည်းလုံးညီညွတ်ဖို့ လိုအပ်ပြီး မြန်မာ့အရေးက ဉပမာတစ်ခုလို့ လီရှန်လွန်းက ထောက်ပြပါတယ်။
မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံအဖွဲ့ရဲ့ ယခင်၊ လက်ရှိနဲ့ အနာဂတ် ဥက္ကဌတွေနဲ့ ဖွဲ့စည်းထားတဲ့ အလွတ်သဘော ယန္တယားတစ်ခုဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှုအ ပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ကို စင်ကာပူက ကြိုဆိုတယ်လို့ သူက ပြောပါတယ်။
ကိုးကား – Asia One
Ref; PM Lee urges Asean push for Myanmar peace plan or bloc’s ‘credibility will be undermined’