

news,media,newspaper
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၇ ရက်
စစ်ကောင်စီသည် ပြည်ထဲရေးဝန်ကြီးဌာန ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ညွှန်ကြားရေးမှူးချုပ်နေရာကို ကာကွယ်ရေး၀န်ကြီးဌာနက ဦးအောင်ဇော်လင်းဖြင့် အစားထိုးခန့်အပ်ခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
စစ်ကောင်စီသည် စသုံးလုံးညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်ကို လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့ပြီး ၎င်း၏ နေရာတွင် ကာကွယ်ရေး၀န်ကြီးဌာနက ဦးအောင်ဇော်လင်းဖြင့် အစားထိုးခန့်အပ် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
“အခုစသုံးလုံးရဲ့ ညွှန်ချုပ်အဖြစ် ပြောင်းလာတဲ့သူက စစ်ဘက် ပြန်ကြားရေး ရုံးအောက်ကလူ။ ဦးမောင် မောင်ကျော်ကို ရွှေ့လိုက်တာက လုပ်ပုံကိုင်ပုံအား နည်းလို့” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်တိုက်ရန် အမိန့်ဖီဆန်သူများနှင့် ၎င်းသံသယရှိနေသည့် စစ်ဖက်ဆိုင်ရာ အရာရှိနေရာများကို အပြောင်းအလွဲစစ်ဆေးမှု များပြုလုပ်ပြီးနောက် ယခုအထူးစုံစမ်းစစ်ဆေးရေး နေရာကို လူစားထိုး ပြောင်းလဲခဲ့ ခြင်းဖြစ်သည်။
စသုံးလုံးညွှန်ကြားရေးမှူးချုပ်ဖြစ်လာသူ ဦးအောင်ဇော်လင်းသည် စစ်ဘက်ဆိုင်ရာမှ ပြောင်းရွှေ့လာသူ တစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင်၏လူယုံတစ်ဦးလည်း ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနသို့ ပြောင်းရွှေ့ခံရသူ ဦးမောင်မောင်ကျော်သည် ၂၀၁၆ ခုနှစ်ကတည်းက စသုံးလုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
ပုံစာ- စသုံးလုံး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးမောင်မောင်ကျော်
#စစ်ကောင်စီ #စသုံးလုံးညွှန်ကြားရေးမှူးချုပ် #ပြောင်းလဲ #မောင်မောင်ကျော် #အောင်ဇော်လင်း #Ayeyarwaddy_Times