ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စက်တင်ဘာလ အစပိုင်းမှာတင် ညစဥ်တိုင်းနေအိမ်များနှင့်ခြံ၀န်းများကို ၀င်ရောက်ပြီး ဆိုင်ကယ်ခိုးယူမှုများ ပိုမိုများပြားလာကြောင်း မြို့ခံများထံမှသိရှိရသည်။

စက်တင်ဘာလအတွင်း ရပ်ကွက်လမ်းများရှိ နေအိမ်ရှေ့များတွင် သော့ခတ်ရပ်ထားသော ဆိုင်ကယ်များအပြင်၊ နေအိမ်များအတွင်းက ဆိုင်ကယ်များကို၀င်ရောက်ခိုးယူမှုဖြစ်ပွားခဲ့သဖြင့် ဆိုင်ကယ် ၁၅ စီးထက်မနည်း ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများမှ ပြောသည်။

” ရဲတိုင်လည်း ဘာမှမထူးတော့တာ၊ နေ့ဘက်ရောညဘက်ရော ပျောက်နေတာ။ ဆိုင်ကယ်တွေသော့ခတ်လဲစိတ်မချရဘူး”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပုသိမ်မြို့တွင် သြဂုတ်လအတွင်းမှာ ခိုးမှု၊လုယက်မှုများပိုများလာပြီးတစ်ပတ်အတွင်း ဆိုင်ကယ်အစီးရေ ၂၀ နီးပါး ခိုးယူခံခဲ့ရကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

ထို့ပြင် ဓါးထောက်လုယက်မှု ၃ မှုဖြစ်ပွားခဲ့ကာတရားခံဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများမှ ပြောသည်။

ဓာတ်ပုံ – အာဏာသိမ်းကာစ စစ်ကောင်စီတပ်သားများ ဆိုင်ကယ်သိမ်းယူနေပုံ

#ပုသိမ်မြို့ #ဆိုင်ကယ်ပျောက်ဆုံး #ဆိုင်ကယ်သူခိုး #စစ်ကောင်စီတပ် #Ayeyarwaddy_Times