ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၆ ရက်

မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ ကိုယ့်တာဝန်ကို ဆောင်ရွက်ဖို့နဲ့ အာဆီယံပဋိဉာဉ်စာ တမ်းပါ ပြဌာန်းချက်တွေကိုလိုက်နာဖို့ လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာနဲ့ မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတေွ ဆက်ဖြစ်နေတဲ့အပေါ် မလေးရှားနိုင်ငံက စိတ်ပျက်မိတယ်လို့ သူက အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း ထုတ် ဖော်ပြောခဲ့တယ်လို့ အန်ဝါအီဘရာဟင်က Facebook မှာ ရေးသားခဲ့ပါတယ်။

“အာဆီယံအဖွဲ့က ညှိနှိုင်းဆောင်ရွက်တဲ့နည်းလမ်းနဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ လိုအပ်တာနဲ့ ကုလသမဂ္ဂ အပါအဝင် ဆွေးနွေးဘက်မိတ်ဖက်တွေကို အသုံးချသင့်တယ်ဆိုတာ ကျွန်တော်က အလေးထား ဆွေးနွေးခဲ့ပါ တယ်” လို့ သူက ဆိုပါတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးအပြင် သူနဲ့ ဒေသတွင်းခေါင်းဆောင် တွေဟာ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံမျှော်မှန်းချက်ကိုလည်း ဆွေးနွေးခဲ့တယ်လို့ အန်ဝါက ပြောပါ တယ်။

အသစ်ခန့်အပ်ခံရတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘာရီအဗ္ဗဒူကဒါ၊ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီး ဇာဖရူအဗ္ဗဒူအ ဇက်တို့ပါဝင်တဲ့ မလေးရှားကိုယ်စားလှယ်အဖွဲ့ကို အန်ဝါက ဉီးဆောင်ပြီး အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက် ရောက်နေပါတယ်။

သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ကနေဒါလိုမျိုး အာဆီယံအဖွဲ့ရဲ့ ဆွေးနွေးဘက်မိတ်ဖက်တွေနဲ့ အန်ဝါက ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်တာဖြစ်ပါတယ်။

ကိုးကား – Bernama
Ref; PM Anwar: Myanmar needs to adhere to Asean Charter

#Ayeyarwaddy_Times