
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ချိုးဖောက်သည်ဟုဆိုကာ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်နှင့်ရဲများက စက်တင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးသွားကြောင်း သိရှိရသည်။
မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် စစ်ဆေးနေသော စစ်ကောင်စီတပ်နှင့် ရဲများက ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ည ၁၂ နာရီ မရောက်ခင်မှာပင်
ဆိုင်ကယ်စီးပြန်လာသော လူငယ် ၃ ဦးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများထံမှသိရှိရသည်။
“ဥပဒေကို လက်တစ်လုံးခြားလုပ်နေတာ၊ ည ၁၁ လောက်ပဲရှိသေးတယ်။ သူတို့ ဖမ်းခြင် ထဖမ်းနေတာ၊ တကယ် ခိုးဆိုးလုနိုက်တွေကြတစ်ခါမှမမိဘူး”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံရသူ လူငယ် ၃ ဦးသည် ညဘက် စားသောက်ဆိုင်မှပြန်လာစဥ် စစ်ဆေးနေသောအဖွဲ့နှင့် တွေ့ပြီးဖမ်းဆီးခံရတာဖြစ်ပြီး ပုသိမ်နယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရှိရသည်။
ပုသိမ်တွင် ညမထွက်ရအမိန့်ကြောင့် ဖမ်းဆီးခံရသည့် ဒေသခံအများစုသည် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရသူများဖြစ်ကာ ထွေအုပ်က တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးကထောင်ဒဏ် တစ်လ အမိန့်ချမှတ်ခြင်းများရှိကြောင်းရဲတပ်ဖွဲ့နင့် နီးစပ်သူများကပြောသည်။
ဧရာ၀တီတိုင်းတွင် ညမထွက်ရအမိန့်ကို ည ၁၂ နာရီ ဟုသတ်မှတ်ထားသောလည်း အချို့ မြို့နယ်များတွင်စစ်ကောင်စီနှင့် ရဲများက ညစဥ် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သည့် ဒေသခံများကို ဖမ်းဆီးကာငွေတောင်းခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။
#ပုသိမ်မြို့ #ညမထွက်ရအမိန့် #အမျိုးသား #စစ်ကောင်စီတပ် #Ayeyarwaddy_Times