ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်

အိန္ဒိယနိုင်ငံမှာပြုလုပ်မယ့် G20 ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် မတက်ရောက်တာကို စိတ်ပျက်မိပေမယ့် မကြာခင် သူ့ကို မြင်တွေ့ရဖို့ မျှော်လင့်တယ်လို့ အမေရိကန်သမ္မတ ရှီကျင့်ဖျင်က ပြောပါ တယ်။

“ကျွန်တော် စိတ်ပျက်မိပေမယ့် သူ့ကို မကြာခင် တွေ့ဆုံရဖို့ မျှော်လင့်ပါတယ်” လို့ ဒီလာဝဲပြည်နယ် ရီဟိုဘို့ဘိချ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်အစိုးရက အာရှဒေသမှာ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးပမ်းနေတာကြောင့် မကြာသေးမီက ဗီ ယက်နမ်သို့ သွားရောက်ပြီးနောက် သမ္မတ ဂျိုးဘိုင်ဒင်ဟာ G20 ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ စက်တင်ဘာလ ၇ ရက်မှစပြီး အိန္ဒိယနိုင်ငံသို့ သွားရောက်မှာဖြစ်ပါတယ်။

ရှီကျင့်ဖျင်က G-20 ထိပ်သီးဆွေးနွေးပွဲကို မတက်ရောက်ဖွယ်ရှိပြီး နယူးဒေလီမြို့တော်မှာကျင်းပမယ့် အဆိုပါအစည်းအဝေးကို ဝန်ကြီးချုပ် လီကျင်းက တရုတ်နိုင်ငံကို ကိုယ်စားပြုတက်ရောက်ဖွယ်ရှိပါတယ်။

“အိန္ဒိယနဲ့ ဗီယက်နမ်က အမေရိကန်နိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေး ထူထောင်ဖို့ အလိုရှိနေပြီး ဒါက အလွန်ကို အထောက်အကူပြုမယ်လို့ ထင်ပါတယ်” လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ကိုးကား – CNA
Ref; Biden disappointed China’s Xi will not attend G20 summit

#Ayeyarwaddy_Times