
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်
အိန္ဒိယနိုင်ငံက နေကိုလေ့လာမယ့် ပထမဆုံးသော အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်ခဲ့တယ် လို့ အိန္ဒိယ အာကာသအေဂျင်စီက ပြောပါတယ်။
Aditya-L1 လို့အမည်ပေးထားတဲ့ နေလေ့လာရေးယာဉ်ဟာ စနေနေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းက တောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်ကနေ လွှတ်တင်ခဲ့တာလို့ အိန္ဒိယ အာကာသသုတေသနအဖွဲ့အစည်းက ပြောပါတယ်။ Aditya ဆိုတာ နေအတွက်ခေါ်ဆိုတဲ့ ရှေးဟောင်း အိန္ဒိယသက္ကတ စကားလုံးဖြစ်ပါတယ်။
အဆိုပါယာဉ်ဟာ ကမ္ဘာမြေကနေ ကီလိုမီတာ ၁ ဒသမ ၅ သန်းခန့်ကွာဝေးတဲ့ လေ့လာရေးနေရာကို ရောက်ရှိဖို့ ၄ လခန့်ကြာအောင် သွားရောက်ရမှာဖြစ်ပါတယ်။
အာကာသယာဉ်ကို X-rays အပါအဝင် ကိရိယာတွေ တပ်ဆင်ထားပြီး နေရဲ့ အပြင်ဖက်ဆုံးအလွှာ ရောင် ခြည်ဝန်းရဲ့ အပူထုတ်လွှတ်မှု၊ လေအရှိန်၊ သံလိုက်စက်ကွင်းဖြစ်ပေါ်မှု၊ အပူချိန်တွေကို လေ့လာမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်း အိန္ဒိယဟာ လကမ္ဘာရဲ့တောင်ဘက်စွန်းကို ပထမဆုံး အာကာယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
“လကမ္ဘာဆင်းယာဉ် ချန်ဒရာယန်း-၃ အောင်မြင်ပြီးနောက် အိန္ဒိယနိုင်ငံက အာကာသခရီးကို ဆက်လက် ကြိုးပမ်းနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မမောမပန်းသော သိပ္ပံဆိုင်ရာ ကြိုးပမ်းမှုတွေက လူသားအားလုံး သာယာဝ ပြောရေးအတွက် ကမ္ဘာကြီးကို ပိုမိုနားလည်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်” လို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့စီးပွားရေးက မြန်မြန်ဆန်ဆန် တိုးတက်နေပြီး အိန္ဒိယနိုင်ငံက အာကာသ ဖွံ့ဖြိုးရေးနဲ့ သု တေသန အပါအဝင် အဆင့်မြင့်နည်းပညာစွမ်းရည်တွေကို ထုတ်ဖော်ပြသနေပါတယ်။
ကိုးကား – NHK
Ref; India successfully launches spacecraft to study sun