နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်

ကရင်ပြည်နယ် မြဝတီမြို့နယ် KNU တပ်မဟာ (၆)ထိန်းချုပ်နယ်မြေရှိ ဥကရစ်ထ စစ်ကောင်စီတပ်စခန်းအား သြဂုတ်လ. (၃၀)ရက်နေ့နံနက် (၆)နာရီကျော်လောက်မှာ Cobra. Column စစ်ကြောင်းမှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က စစ်သား (၅)ယောက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရသည်

KNU တပ်မဟာ (၆) ထိမ်းချုပ်နယ်မြေဖြစ်ပြီး စစ်ကောင်စီက အထိုင်စခန်းချထားတဲ့ ဥကရစ်ထ စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခက်မှု့တွေ ပြုလုပ်နေတာကြောင့် Cobra Column. 2 VENOM. စစ်ကြောင်းက စနိုက်ပါ နဲ့ပစ်ခက်ပြီး စစ်သား (၅)ဦးသေဆုံးတယ်လို့ Cobra Column စစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် သတင်းဌာနကိုပြေားသည်

ဥကရစ်ထစခန်းအား တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ (၆၀)မမ လက်နက်ကြီး (၄၀)မမ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခက်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်မှု့တွေ ရှိခဲ့ပြီး စနိုက်ပါနဲ့ ပစ်ခက်မှု့ကြောင့် စစ်ကောင်စီတပ်ဘက်က (၂)ဦးထိမှန်သေဆုံးကာ လက်နက်ကြီးပစ်ခက်မှု့ကြောင့် (၃)ဦးသေဆုံးသွားတာလို့၎င်းကဆိုပါတယ်

ကရင်ပြည်နယ်မြဝတီမြို့နယ်ရှိလက်ခက်တောင် တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးအင်အားစုများမှသိမ်းပိုက်ထားပြီး စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခက်မှု့တွေပြုလုပ်နေပြီး ဥကရစ်ထ စခန်း ကျောက်လုံးကြီးစခန်းနှင့် လေ့ကေကော် စွယ်တော်ကုန်း နေရာတွေကပါ (၁၂၀) မမလက်နက်ကြီးတွေနဲ့ပစ်ခက်မှု့တွေလုပ်နေကြောင်း စစ်မြေပြင်သတင်းရင်းမြစ်တွေစီကနေသိရသည်

# စစ်ကောင်စီတပ်စခန်းချနေတဲ့ #ဥကရစ်ထစခန်းအား တော်လှန်ရေးတပ်ဖွဲ့သွားရောက်တိုက်ခိုက်ခဲ့ပြီး#စစ်ကောင်စီတပ်ဘက်မှစစ်သားငါးဦးသေဆုံး

ဓာတ်ပုံ # Cobra Column စစ်ကြောင်းပုံ

#ဥကရစ်ထ #စစ်ကောင်စီတပ်စခန်း #တော်လှန်ရေး #တပ်ဖွဲ့မှသွားရောက်ပစ်ခတ်ပြီး #စစ်သားငါးဦးသေဆုံး #Ayeyarwaddy_Times