
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
စစ်ကိုင်းတိုင်း အတွင်းရှိ ကနီမြို့နယ် နှင့် မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်များမှ ဆန်၊ ဆီ၊ ကြက်ဥနှင့် မြေပဲဆံများကို ဖောက်ထွင်းခိုးယူလာပြီး လျှော့စျေးဖြင့်ပြန်လည်ရောင်းချနေကြောင်း သတင်းရရှိသည်။
ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်တွင် စစ်ကြောင်းထိုးကာ ဖောက်ထွင်းခိုယူလာသည့် ဆန်၊ ဆီ၊ ကြက်ဥနှင့် မြေပဲဆံ များကို မော်လိုက်မြို့စျေးတွင် သြဂုတ်လ ၂၈ ရက်နေ့နှင့် သြဂုတ်လ ၂၉ ရက်နေ့တွင် နှစ်ရက်တာ ရောင်းချသွားကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါ ဖောက်ထွင်းခိုးယူလာသည့် ဆန်၊ ဆီ၊ ကြက်ဥများကို ဆန်တစ်တင်းလျှင် ၄၀၀၀၀ ကျပ်၊ ဆီတစ်ပုံးလျှင် ၇၀၀၀၀ ကျပ်၊ မြေပဲဆံတစ်တင်းလျှင် ၈၀၀၀၀ ကျပ်နှင့် ကြက်ဥတစ်လုံးလျှင် ၁၀၀ ကျပ်ဖြင့် စျေးလျှာ့ကာ ရောင်းချသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“သူတို့ခိုးယူလာတဲ့ဟာတွေကို နှစ်ညအိပ်ပြီးစျေးထဲမှာရောင်းသွာကြတာ။ သူတို့တွေစျေးဆိုင်ပေါ်တွေက ယူလာကြတာ။ စစ်ဘေးရှောင်တွေလည်း တစ်ဖြေးဖြေးပိုပိုများလာတယ်
”ဟု မော်လိုက်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လည် ၂ နာရီ၀န်းကျင်တွင်လည်း မော်လိုက်မြို့နယ်၊ ယူး၀ကျေးရွာကို PDF များအား ထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ခတ်သည့်အပြင် လေယာဥ်နှင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့ သြဂုတ်လ ၃၁ ရက်နေ့ နေလည် ၂ နာရီတွင်လည်း ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီစစ်သင်္ဘောမှ ပန်းသာရွာ၊ ၀ါးရုံသာရွာနှင့် အင်ကုန်းရွာများကိုလည်း လက်နက်ကြီးများဖြင့်ပစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် အင်းကုန်းရွာ ၊ ကတွန်ရွာ၊ မှုကြီးရွာ၊ အင်းပေါက်ရွာ၊ ဟဲနိမ်ရွာ နှင့် ခ၀ဲကျေးရွာများတွင်လည်း စစ်ကောင်စီတပ်များရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံ အများအပြား စစ်ဘေးရှောင်နေရကြောင်း ဒေသခံများပြောသည်။
#ကနီ #မင်းကင်းမြို့ #ဖောက်ထွင်းခိုးယူလာသည့် #ဆန်ဆီကြက်ဥများကို #စစ်ကောင်စီတပ်သားများက #လျှော့စျေးဖြင့်ပြန်လည်ရောင်းချ #Ayeyarwaddy_Times