ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်

သမ္မတ အလီဘွန်ဂိုအား ရာထူးမှဖြုတ်ချခဲ့တဲ့ ဂါဘွန် အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အိုလီဂွီဂူမာ က စက်တင်ဘာလ ၄ ရက် တနင်္လာနေ့မှာ ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံးရဲ့ ရှေ့မှောက်မှာ အသွင်ကူးပြောင်း ရေးသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုပြုလုပ်တယ်လို့ စွပ်စွဲကာ သမ္မတ အလီဘွန်ဂိုအား ရာထူးမှဖြုတ်ချခဲ့တဲ့ ဗိုလ် ချုပ်ကြီး အိုလီဂွီဂူမာက အသွင်ကူးပြောင်းရေး အဖွဲ့အစည်းတွေ တစ်ဖြည်းဖြည်း ထူထောင်ဖို့ ကြေညာခဲ့ပြီး ဂါ ဘွန်နိုင်ငံက ပြည်တွင်း၊ ပြည်ပနိုင်ငံတွေရဲ့ ကတိကဝတ်တွေကို လေးစားသမှုရှိတယ်လို့ ပြောပါတယ်။

စစ်တပ်ခေါင်းဆောင်က အသွင်ကူးပြောင်းရေးသမ္မတအဖြစ် စက်တင်ဘာလ ၄ ရက်မှာ ဖွဲ့စည်းပုံအခြေခံ ဉပဒေဆိုင်ရာခုံရုံး ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုမယ်လို့ အာဏာသိမ်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အူလ်ရက်မန်ဖိုဘီက ပြောပါတယ်။

အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေဖို့ စစ်တပ်မှူးတွေအားလုံး ပါဝင်တဲ့ အသွင်ကူး ပြောင်းရေးကော်မတီ (CTRI) ကို ဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံ့အဖွဲ့အစည်းတွေအားလုံး လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ အာဏာသိမ်းခေါင်းဆောင်က အစိုးရ ဌာနတွေက ညွှန်ကြားရေးမှူးချုပ်တွေနဲ့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ပြောရေး ဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

အသွင်ကူးပြောင်းရေးသမ္မတက အလှူရှင်တွေ၊ ဖွံ့ဖြိုးမှုမိတ်ဖက်တွေနဲ့ ကြွေးမြီရှင်တွေကို ကျေးဇူးတင်ရှိ ကြောင်း၊ ပြည်တွင်း၊ ပြည်ပနိုင်ငံတွေအပေါ်ပေးထားတဲ့ ဂါဘွန်နိုင်ငံရဲ့ ကတိကဝတ်တွေကို အာမခံဖို့ အစီအမံအား လုံး လုပ်ဆောင်မယ်လို့ ဗိုလ်မှူးကြီး အူလ်ရက်မန်ဖိုဘီက ဆိုပါတယ်။

ကိုးကား – AFP
Ref; Gabon: General Oligui to be sworn in as “transitional president” on Monday

#Ayeyarwaddy_Times