နွေဦးမောင်/ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ စစ်ကောင်စီတပ်၏ ဝင်ရောက်မီးရှို့ ဖျက်စီးမှုကြောင့် စစ်ဘေးရှောင်နေကြရသည့် ဒေသခံများအတွက် ဆားလင်းကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ သြဂုတ်လ (၂၆)ရက်နေ့ မနက်က ဆန်အိပ် (၂၀၀) လှူဒန်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်စီးမှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများသည် စားဝတ်နေရေး ခက်ခဲလာသည့်အတွက် စုစုပေါင်း ကျပ်ငွေ သိန်း (၂၀၀)နှင့် ညီမျှသည့် ဆန်အိတ် အိတ် (၂၀၀)ကို လှုဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ဆားလင်းကြီး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ သတင်းမှန် ပြန်ကြားရေး တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီလက်အောက်ခံ တပ်များသည် ဇွန်လ (၁၀)ရက်နေ့က စတင်ပြီး ညောင်ပင်ကြီးကျေးရွာ၊ ထန်းတောကြီးကျေးရွာနှင့် နှင်းတောကျေးရွာတို့အား စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ ခဲ့သဖြင့် အဆိုပါ သုံးရွာမှ အိမ်ခြေ (၂၀၀)ကျော် မီးရှို့ဖျက်စီးခံခဲ့ရပြီး ဒေသခံ ပြည်သူ (၃၀၀၀)ကျော်ခန့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူများကို ဆန်အိတ်များ လှူဒါန်းနေပုံ

#ဆားလင်းကြီး #ပြည်သူ့အုပ်ချပ်ရေးအဖွဲ့ #ညောင်ပင်းကြီး #မီးဘေးသင့် #စစ်ရှောင်ပြည်သူများအား #ဆန်အိတ်၂၀၀လှူဒါန်း #Ayeyarwaddy_Times