
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်
နော်ဝေနိုင်ငံက ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့လိုက်ပြီလို့ နော်ဝေဝန်ကြီးချုပ် ဂျိုးနက်ဂါးစတိုရီက ကိယက်ဗ်မြို့တော်ခရီးစဉ်အတွင်း ပြောကြားလိုက်ပါတယ်။
လှူဒါန်းလိုက်တဲ့ F-16 ဂျက်တိုက်လေယာဉ် အရေအတွက်အတိအကျကို ရှင်းရှင်းလင်းလင်း မသိရပေ မယ့် ၁၀ စင်းထက်မနည်းရှိတယ်လို့ ဂျိုးနက်က ပြောပါတယ်။
နော်ဝေဟာ နယ်သာလန်နဲ့ဒိန်းမတ်ပြီးရင် ရုရှားကျူးကျော်စစ်မှာ အသုံးပြုဖို့ ယူကရိန်းသို့ F-16 ဂျက် တိုက်လေယာဉ်တွေ လှူဒါန်းကြောင်းကြေညာတဲ့ တတိယမြောက် ဉရောပတိုင်းပြည်ဖြစ်ပါတယ်။
ယူကရိန်းကလေးငယ်တွေကို ရုရှားနိုင်ငံတွင်း ပြည်နှင်ဒဏ်ပေးမှုမှာပါဝင်တဲ့ လူပုဂ္ဂိုလ် ၁၁ ဉီးနဲ့ အဖွဲ့အ စည်းနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း အမေရိကန်နိုင်ငံက ကြေညာခဲ့ပါတယ်။
ကလေးငယ်တွေကို အယူဝါဒအမှားတွေ သွတ်သွင်းတဲ့စခန်းတွေသို့ အဓမ္မ လွှဲပြောင်းပေးမှုမှာ ပါဝင်တဲ့အ တွက် အဆိုပါပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ရတာလို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ရုရှားနိုင်ငံက စစ်ရာဇဝတ်မှုတွေ၊ လူသားမဆန်သော ရာဇဝတ်မှုတွေ ကျူးလွန်တာကြောင့် အမေရိကန် နိုင်ငံက ရုရှားနိုင်ငံနဲ့ မရပ်တည်ဘူးလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ အမေ ရိကန်သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးက ပြောပါတယ်။
ရုရှားကျူးကျော်စစ်နောက်ပိုင်း ကလေးငယ် ၁၉၅၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။
ကိုးကား – VOA
Ref; Norway Donates F-16 Fighter Jets to Ukraine