ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်

ပြည်ပမှာ တိမ်းရှောင်ရာမှ ပြည်တော်ပြန်လာပြီး သုံးရက်အကြာမှာ ထိုင်းဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ဆေးရုံမှာ ကုသပေးနေပြီး သူ့ရဲ့အခြေအနေက စိုးရိမ်စရာဖြစ်နေဆဲလို့ အကြီးတန်း ဆရာ ဝန်တစ်ဉီးက ပြောပါတယ်။

ကိုယ်ကျိုးရှာမှု၊ အာဏာအလွဲသုံးစားလုပ်မှုကြောင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရတဲ့ အသက် ၇၄ နှစ် အရွယ် သက်ဆင်ရှင်နာဝပ်ဟာ ရင်ဘတ်နာကျင်မှု၊ သွေးပေါင်တက်မှုကြောင့် အကျဉ်းကျတဲ့ ပထမဆုံးညမှာဘဲ ဆေးရုံတင်ခဲ့ရပါတယ်။

“သူက ချောင်းဆိုးနေပြီး အသည်းနဲ့ အဆုတ်အခြေအနေက စိုးရိမ်စရာဖြစ်နေဆဲပါ” လို့ ဗန်ကောက်ရဲ ဆေးရုံမှ အကြီးတန်းဆရာဝန်တစ်ဉီးဖြစ်သူ ဆိုပွန်ရတ်ဆင်ဟာဂျာရူက ပြောပါတယ်။

သက်ဆင်ရှင်နာဝပ် တည်ထောင်ခဲ့တဲ့ Pheu Thai ပါတီက အစိုးရအဖွဲ့သစ်ကို ဉီးဆောင်မှာဖြစ်ပါတယ်။ သက်ဆင်ရှင်နာဝပ် ထိုင်းနိုင်ငံသို့ပြန်လာတာဟာ ပြိုင်ဘက်တွေနဲ့ လျှို့ဝှက်သဘောတူညီချက်တစ်ရပ်ကြောင့် ဖြစ်တယ်လို့ ကောလဟာလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

သက်ဆင်ရှင်နာဝပ်ကို အထူးကုသမှုပေးနေတယ်လို့ အချို့က ဝေဖန်ခဲ့ပေမယ့် ရဲဆေးရုံကတော့ စွပ်စွဲ ချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။

သက်ဆင်ဟာ အမှန်တစ်ကယ် နေမကောင်းဖြစ်မဖြစ်နဲ့ အကျဉ်းထောင်ကို လှည့်ဖျားတာဟုတ် မဟုတ် ကို သက်ဆင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဆစ်တီဆွန်ဝေါင်က မေးခွန်းထုတ်လိုက်ပါတယ်။

သက်ဆင်ရှင်နာဝပ် တစ်ကယ် နေကောင်း မကောင်း စစ်ဆေးပေးဖို့လည်း ဆစ်တီဆွန်ဝေါင်က ပြင်ပရှိ သမားတော်တွေကို အကူအညီတောင်းခံလိုက်ပါတယ်။
ဗန်ကောက်မိုးမျှော်တိုက်နဲ့ အနီးအနားရှိ ဂေါက်ကွင်းမှရိုက်ကူးထားတဲ့ ရဲဆေးရုံရဲ့မြင်ကွင်းဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

၂၀၀၆ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဒူဘိုင်းနဲ့ ဗြိတိန်အပါအဝင် ပြည်ပမှာ ၁၇ နှစ်ကျော် နေထိုင်ခဲ့ပေ မယ့် သက်ဆင်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံရေးမှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ဉီးအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။
သက်ဆင်ရှင်နာဝပ်ကို သစ္စာခံတဲ့ နိုင်ငံရေးပါတီတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းပြုလုပ်တဲ့ ရွေး ကောက်ပွဲတိုင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

ကိုးကား – CNA
Ref; Health of Thailand’s billionaire ex-PM Thaksin still a concern: Doctor

#Ayeyarwaddy_Times