ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၅ ရက်

အကြမ်းစစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေသည့် Asia Sun Goup ကုမ္ပဏီအုပ်စုမှ ကျန်ရှိနေသည့် ကုမ္ပဏီအခွဲသုံးခုနှင့် လူပုဂ္ဂိုလ်နှစ်ဦးကို ထပ်မံအရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက ယမန်နေ့က သတင်းထုတ်ပြန်သည်။

အဆိုပါလူပုဂ္ဂိုလ်နှစ်ဦးထဲမှ တစ်ဦးဖြစ်သူ ခင်ဖြူဝင်းကို မတ်လ ၂၃ ရက်နေ့က အရေးယူထားပြီး လေယာဉ်ဆီ တင်သွင်းရာတွင်ပါသည့် အဖွဲ့ဝင်ကုမ္ပဏီများတွင် ဆီဝယ်ယူရေးနှင့် ဖြန့်ချီရေးဆက်လက်လုပ်နေသဖြင့် ထပ်မံအရေးယူ ပိတ်ဆို့လိုက်ကြောင်း အမေရိကန်ငွေတိုက်ဌာန ထုတ်ပြန်ချက်တွင်ပါဝင်သည်။

အဆိုပါ ခင်ဖြူဝင်းဦးဆောင်ပါဝင်နေသော လေယာဉ်ဆီတင်သွင်းသည့် ကုမ္ပဏီသုံးခု ဖြစ်သည့် Soon Energy PTE LTD၊ PEIA PTE. LTD၊ P.E.I Energy PTE. LTD တို့ကို ကန်အစိုးရက အရေးယူ ဒဏ်ခတ်လိုက်ကြောင်း သိရသည်။

ယင်းအပြင် မတ်လကလည်း ခင်ဖြူစင်ဝင်း ပါဝင်သည့် Asia Sun Group ကုမ္ပဏီ စီးပွားရေးပိ တ်ဆို့ ခံထားရပြီးနောက် လုပ်ငန်းလွဲပြောင်းယူလိုက်သော ဇော်မင်းထွန်းဆိုသူကိုလည်း ယခုပိတ်ဆို့အရေးယူ မှုတွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မတ်လတွင် Asia Sun အဖွဲ့ဝင် ကုမ္ပဏီများထဲမှ မြန်မာမှတ်ပုံတင်ကုမ္ပဏီသုံးခု ဖြစ်သည့် Asia Sun Group Limited၊ Asia Sun Trading Company Limited နှင့် Cargo Link Petroleum Logistics Company Limited တို့ကို ဒဏ်ခတ်ပို့ဆို့အရေးယူမှုချမှတ်ခဲ့သည်။

လေကြောင်းဗုံးကျဲတိုက်ခိုက်မှု ကျူးလွန်နေသော စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းနေသည့် စင်ကာပူအခြေစိုက် Asia Sun Group of Companies သည် ဆန်ရှင်ထိ၍ အမည်ပြောင်းကာ Shoon Energy PTE LTD အဖြစ်ဆောင်ရွက်နေပြီး ပိုင်ရှင်နှင့် ဒါရိုက်တာဖြစ်သူ ခင်ဖြူဝင်းကို၂၀၂၃ ခုနှစ် မတ်လတွင် ဗြိတိန်နိုင်ငံက အရေးယူခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ် အနန့်ပါတွင် သေဆုံးသူ ၆၀ ကျော်ရှိသည့် လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာတွင် ကလေးငယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် လူပေါင်း နှစ်ရာနီးပါးသေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#အမေရိကန်ဆန်ရှင် #စစ်ကောင်စီလေယာဉ်ဆီ

#Shoonenergy #ခင်ဖြူဝင်း #ဇော်မင်းထွန်း

#Ayeyarwaddy_Times