
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၂၃ ရက်
လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ဝေဖန်ခဲ့သည့် အဆိုတော်ဗျူဟာကို စစ်ကောင်စီတပ်က ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုတော်ဗျူဟာကို ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ ဗထူးအိမ်ရာတွင် ၎င်းကို စစ်ကောင်စီတပ်က အကြမ်းဖက်၀င်ရောက် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။
“သူ့ကို အင်းစိန်အထူးတရားရုံးမှာ ဒီနေ့ အမိန့်ချတာပါ။ ထောင်ဒဏ်နှစ် ၂၀ ချလိုက်တာပါ”ဟု အကျဉ်း ဦးစီးနှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် အဆိုတော်ဗျူဟာကို ဖမ်းဆီးနောက် မေလ ၂၉ ရက်နေ့က နိုင်ငံ တော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် မြောက်ဒဂုံတရားရုံးတွင် ချုပ်ရက်ရမန်ယူခဲံပြီး ယနေ့တွင် အင်းစိန် ထောင်တွင်း အထူးတရားရုံး၌ ပုဒ်မ ၁၂၄(က) ဖြင့် ထောင်ဒဏ်နှစ် ၂၀ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် လက်ရှိတွင် ဦးနိုင်မြန်မာ၏ သားဖြစ်သူ အဆိုတော် ဗျုဟာကို မိသားစု၀င်များနှင့် တွေ့ဆုံခွင့် မပြုကြောင်းသိရသည်။
ဓာတ်ပုံ-အဆိုတော်ဗျူဟာ
#အဆိုတော် #ဗျူဟာ #ထောင်ဒဏ်နှစ်၂၀ #အမိန့်ချခံရ #Ayeyarwady_Times