
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်
တရုတ်နိုင်ငံက စစ်ရေးအရ ဖိအားပေးဖို့ တိုးလာတာကြောင့် ထိုင်ဝမ်အာဏာပိုင်တွေက ၂၀၂၄ ခုနှစ်အ တွက် စံချိန်တင် ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၁၉ ဘီလီယံခန့် အဆိုပြုခဲ့တယ်လို့ သိရပါတယ်။
အစိုးရအဖွဲ့ တာဝန်ရှိသူတွေဟာ သြဂုတ်လ ၂၁ ရက်မှာ သမ္မတ ဆိုင်အင်ဝမ်ကို ကာကွယ်ရေးဘတ်ဂျက် အဆိုပြုမှု ရှင်းလင်းတင်ပြခဲ့ပါတယ်။
အဆိုပြု ကာကွယ်ရေးဘတ်ဂျက်ဟာ လက်ရှိဘဏ္ဍာနှစ် ကာကွယ်ရေးအသုံးစရိတ်ထက် ၄ ဒသမ ၅ ရာခိုင်နှုန်း ပိုများလာတယ်လို့ သိရပါတယ်။
ကာကွယ်ရေးဘတ်ဂျက်မှာ အထူးဘတ်ဂျက်လည်း ပါဝင်ပြီး F-16V ဂျက်တိုက်လေယာဉ်တွေ၊ ဒုံးကျည်နဲ့ အခြားစစ်လက်နက်တွေ အစုလိုက်အပြုံလိုက်ထုတ်လုပ်ဖို့လည်း ပါဝင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အဆိုပါကာကွယ်ရေးဘတ်ဂျက်ကို အတည်ပြုပါက ဒေါ်လာ ၁၉ ဘီလီယံကျော်ရှိလာမယ့် ပထမဆုံးသော ကာကွယ်ရေးအသုံးစရိတ် ဖြစ်လာမှာဖြစ်ပြီး ထိုင်ဝမ်ဂျီဒီပီရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။
တာဝန်ရှိသူတွေက သမ္မတ ဆိုင်အင်ဝမ်အား ကာကွယ်ရေးဘတ်ဂျက် အဆိုပြုနေတဲ့ ရုပ်သံဖိုင်တစ်ခုကို ထိုင်ဝမ်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်အနေနဲ့ ပြည်တွင်းစစ်လက်နက်ထုတ်လုပ်မှုကို ဆက်လက်မြှင့်တင်ရမှာဖြစ်ပြီး လုံခြုံရေးနဲ့ အ ကျိုးစီးပွားတွေကိုကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြသကာ နိုင်ငံတကာရဲ့ထောက်ခံမှု ရရှိရမယ်လို့ ဆိုင် အင်ဝမ်က ပြောပါတယ်။
တရုတ်စစ်တပ်ရဲ့ စစ်ရေးဖိအားပေးမှု တိုးလာတာကို လက်တုံ့ပြန်တဲ့ အစီအမံတွေကြောင့် ထိုင်ဝမ်စစ် တပ်အပေါ် ဝန်ထုပ်ဝန်ပိုး တိုးလာပါတယ်။ တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းအနီး စစ်လေယာဉ်တွေ၊ စစ်သင်္ဘော တွေပါဝင်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြှင့်နေပါတယ်။
လာမယ့်နှစ်မှာ လောင်စာဆီအသုံးစရိတ်ကို လက်ရှိနှစ်ထက် ၅၀ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲမယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Taiwan proposes record defense budget for 2024