
ဧရာ၀တီတိုင်းမ်
နွေဦးမောင်/ ဩဂုတ်လ ၁၉ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်အတွင်း စစ်ရေးအရှိန် မြှင့်တင်ရန်အတွက် တပ်ရင်း ၁၃ ရင်းပါ၀င်သည့် တပ်မဟာဖွဲ့စည်းလိုက်ကြောင်း ယမင်းမာပင်ခရိုင်တပ်မဟာက ထုတ်ပြန်ထားသည်။
ခရိုင်အဆင့်တပ်မဟာအဖွဲ့ကို ယမန်နေ့ ဩဂုတ် ၁၈ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနှင့် ပုလဲနယ်အခြေပြုတော်လှန်ရေး တပ်ရင်းတပ်ဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းခြင်ဖြစ်ပြီး အဆိုပါအဖွဲ့များသည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများလည်း ဖြစ်သည်။
တပ်မဟာအဖွဲ့ကို အချက် ၅ ချက်ဖြင့် ဖွဲ့စည်းခြင်းဖြစ်ပြီး စစ်ရေးအရှိန်မြှင့်တင်ရန်၊ ရဲဘော်အချင်းချင်း ညီညွတ်စေရန်၊ တိုက်ခိုက်ရေးကို ဦးစားပေးပြီး အုပ်ချုပ်ရေးယန္တရားကို ၀င်ရောက်မစွက်ဖက်ရန်၊ အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းကို မိမိတို့အဖွဲ့များကလည်း ရှောင်ကျဉ်ပြီး အခြားတပ်ဖွဲ့များကိုလည်း တားဆီးနိုင်ရန်နှင့် ရဲဘော်များအားလုံး ပြည်သူနှင့်ပဋိက္ခ မဖြစ်ရန် စသည့်အချက် ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းရခြင်းဖြစ် ပြီး လက်ရှိတွင် အဆိုပါ တပ်မဟာ ဥက္ကအဖြစ် ကျောက်လုံးကြီး ( KLG PDF ) က တာဝန်ယူထားကြောင်း ဖွဲ့စည်းပုံတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တပ်မဟာအဖြစ် ဖွဲ့စည်းခဲ့သည့် တပ်ရင်း ၁၃ ရင်းတွင် ယင်းမာပင်ခရိုင်တပ်ရင်း -၂၁ (ကနီ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၂(ကနီ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၃(ကနီ)၊ ယင်းမာပင်ခရိုင်တပ်ရင်း -၇(ပုလဲ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၁၂(ပုလဲ)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၈(ဆားလင်းကြီး- ဓားမဆိုင်း)၊ ယင်းမာပင်ခရိုင်တပ်ရင်း-၂၉(ယင်းမာပင်)၊ ယင်းမာပင်ခရိုင်တပ်ရင်း အာဠာ၀က(ယင်းမာပင်)၊ ယင်းမာပင်ခရိုင်တပ်ရင်း ကဿပဝိဇ္ဇာ (ယင်းမာပင်)၊ ယင်းမာပင်ခရိုင် မြွေ ဆိုး (ယင်းမာပင်)၊ ယင်းမာပင် CDRF(ယင်းမာပင်)၊ ယင်းမာပင်MNAT (ယင်းမာပင်)၊ ယင်းမာပင် Fighter One (ယင်းမာပင်)တို့ ဖြစ်သည်။
#စစ်ကိုင်း #စစ်ရေးအရှိန်မြှင့်ရန် #တပ်ရင်း၁၃ရင်းဖြ#ယင်းမာပင်ခရိုင်တပ်မဟာဖွဲ့စည်း
#Ayeyarwaddy_Times