
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်
အကူအညီလိုအပ်နေတဲ့ ပြည်သူ ၁၈ သန်းကို အကူအညီ ပိုမို ပေးအပ်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အေဂျင်စီအကြီးအကဲ မာတင်ဂရစ်ဖစ်က မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို တိုက်တွန်းခဲ့ပြီး အာဏာ သိမ်းမှုအလွန် ပဋိပက္ခဟာ အရှိန်မြှင့်လာတာကြောင့် အခုလိုအခြေအနေဖြစ်လာတာလို့ ပြောကြားလိုက်ပါတယ်။
ရန်ပုံငွေ ပြတ်လပ်တာကလည်း အကူအညီလိုအပ်နေတဲ့ မြန်မာ့လူဉီးရေနဲ့ သုံးပုံတစ်ပုံထံ အကူအညီတွေ ရောက်ရှိဖို့ကြိုးပမ်းမှုတွေကို ခက်ခဲရှုပ်ထွေးစေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင် ငံသို့သွားရောက်ခဲ့တဲ့ သုံးရက်ကြာခရီးစဉ်ကအပြန်မှာ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကျပ်အတည်း အဆက်ဆက်ကြောင့် လူဉီးရေရဲ့ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာမှု အ ကူအညီ လိုအပ်စေခဲ့တယ်လို့ မာတင်ဂရစ်ဖစ်က ပြောပါတယ်။
“မြန်မာပြည်သူတွေဟာ သူတို့ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ပိုမိုကောင်းမွန်တဲ့အ ရာတွေ မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တိုက်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေကြောင့် စစ်ဘေးရှောင်ဉီး ရေဟာ ၃၈၀၀၀၀ မှ ၁ ဒသမ ၉ သန်းအထိ ၅ ဆကျော် တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေ ဂျင်စီက ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ အရင်းအမြစ်တွေ မလုံလောက်မှုကြောင့် ရုန်းကန်နေရပြီး ဒီနှစ်လယ်အထိ ရန်ပုံငွေလိုအပ်ချက်ရဲ့ ၂၂ ရာခိုင်နှုန်းသာ ရရှိသေးတာကြောင့် ပိုမို လှူဒါန်းကြဖို့ သူက နိုင်ငံတကာ အလှူရှင်တွေကို တိုက်တွန်းလိုက်ပါတယ်။
အကူအညီပေးတာကို ခွင့်ပြုဖို့ သူက မြန်မာစစ်ကောင်စီကို တောင်းဆိုခဲ့ပြီး အရပ်သားတွေရဲ့ လုံခြုံရေးနဲ့ အကူအညီပေးရေးအဖွဲ့တွေကို မကူညီနိုင်အောင် ကန့်သတ်ထားတွေကို စိုးရိမ်ကြောင်း မာတင်ဂရစ်ဖစ်က ထုတ် ဖော်ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်က အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်တယ်လို့ ကုလသမဂ္ဂရဲ့ စုံ စမ်းစစ်ဆေးမှုတွေ စွပ်စွဲခဲ့တာကြောင့် စစ်ကောင်စီဟာ ကုလသမဂ္ဂနဲ့ ဆက်ဆံရေးမကောင်းမွန်ပါဘူး။
အကူအညီပေးအပ်ခွင့်မရတာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံစာက ဇွန်လအတွင်း ဖော်ပြခဲ့ပြီး မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ပိုတိုးလာခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး မှူးတွေက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; U.N. Humanitarian Chief Appeals to Myanmar Generals for Greater Aid Access