-ကလေးမြို့တောင်ပိုင်း သာစည်ရွာကို စစ်ကောင်စီက ဓာတုလက်နက်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံ ၂၀ ခန့် ဆေးကုသနေရ

-ကျုံပျော်တွင် ဘုန်းတော်ကြီးတစ်ပါးအပါအဝင် ဒေသခံ ၁၀ ဦးကို PDF ထောက်ပို့လုပ်သည် ဟု ဆိုကာဖမ်းဆီးထား

-ဆားလင်းကြီးမြို့နယ်ရှိ ယမားတံတားပေါ်တွင် စစ်ကောင်စီတပ်က လမ်းပြအဖြစ်ဖမ်းဆီး လာသူ ၃ ဦးကို သတ်ဖြတ်၍ ချောင်းအတွင်းပစ်ချ

-မြင်းမူတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က စစ်ဘေးရှောင်ဒေသခံ ၄ ဦးကို ပစ်သတ်၊ ငါန်းဇွန်းတွင်လည်း ၉ ရက်ကျော်ကြာ စစ်ကြောင်းထိုးနေပြီး ဒေသခံတစ်ဦး အသတ်ခံရ

-စစ်ခေါင်းဆောင်တည်သည့် မာရဝိဇယဘုရား ၀င်ကြေးစရိတ်ကြီးမြင့်၍ “ဘုရားပြ ပိုက်ဆံတောင်း” ဟု ဘုရားဖူးများဝေဖန်

-ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေပြီး လက်နက်ကြီး များဖြင့် လည်းပစ်ခတ်နေ

-ထိုင်ဝမ်ရေလက်ကြား တင်းမာမှုတွေမြင့်တက်လာတာ စိုးရိမ်စရာကိစ္စလို့ ဖိလစ်ပိုင် ပြော

-တော်လှန်ရေးတပ်ဖွဲ့များသိမ်းထားသည့် လက်ခတ်တောင်စခန်းကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် အသေအပျောက်များ၍ လက်နက်ခဲယမ်းများထပ်မံရရှိ

-ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးဟုဆို