ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၁၆ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေတွင် သြဂုတ်လ ၁၅ ရက်နေ့ညနေ ၄ နာရီခွဲအချိန်က ဟိုတယ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အမှတ် ၃ ရပ်ကွက်၊ ပုသိမ် – ချောင်းသာကားလမ်းမကြီးဘေးရှိ Golden Beach ဟိုတယ်တွင် မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး တစ်နာရီကြာအောင် ငြိမ်းသတ်ခဲ့ရကြောင်း ဒေသခံများကပြောသည်။

” တော်သေးတာ ဧည့်သည်တွေ ရှိတဲ့နေရာက မလောင်ပဲ စားဖိုဆောင်ကစလောင်လို့ မီးကကြီးတယ်။စားဖိုဆောင်အပြင် စားသောက်ခန်းပါ မီးထဲပါသွားတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

မီးလောင်မှုကို ဒေသခံများ၊ မီးသတ်နှင့် မြို့ခံလူမှုကူညီရေးအဖွဲ့များဝိုင်း၀န်း ငြိမ်းသတ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရှိရသည်။

ဟိုတယ်၏ မီးဖိုဆောင် (Kitchen Room) အတွင်း ဝါယာရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ချောင်းသာမီးသတ်တပ်ဖွဲ့၏ မှတ်တမ်းတွင်ဖော်ပြထားပြီး စစ်ဆေးနေကြောင်းသိရှိရသည်။

#ချောင်းသာကမ်းခြေ #ဟိုတယ်မီးလောင် #Golden Beach #မီးလောင်မှု #Ayeyarwaddy_Times