ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ပြည်သူတွေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကတည်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်မှာ မိုး သည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးတွေ ကျရောက်နေတာပါ။

ဘုရားကျောင်းတစ်ခု ပြိုကျခဲ့ချိန်မှာ လူအသေအပျောက်အချို့ ဖြစ်ပေါ်ခဲ့တာလို့ ဒေသန္တရ မီဒီယာသတင်း တွေက ဖော်ပြကြပါတယ်။

မြေပြိုမှုတစ်ခုကြောင့် အဆောက်အအုံတွေ ပျက်စီးသွားခဲ့ပြီး လူတွေက အပျက်အစီးတွေအောက်မှာ ပိတ် မိနေသူကို ကယ်တင်ဖို့ ကျောက်တုံးတွေ၊ အပျက်အစီးတွေကို ရှင်းလင်းနေတာကို ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါ တယ်။

အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေဖြစ်ပေါ်ပြီး နှစ်စဉ်လိုလို လူသေဆုံးမှု တွေ၊ ပျက်စီးမှုတွေ ဖြစ်စေပါတယ်။

ရာသီဉတုပြောင်းလဲမှုကြောင့် မကြာသေးမီနှစ်တွေအတွင်း မုတ်သုံမိုးရွာသွန်းမှုတွေက ထိခိုက်ပျက်စီးမှု ပမာဏကြီးမားလာမှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။

ရေကြီးရေလျှံမှုတွေ၊ မိုးရွာသွန်းမှုကြောင့်ဖြစ်ပေါ်ရတဲ့ သဘာဝဘေးအန္တရာယ်တွေကို နိုးနိုးကြားကြားနဲ့ သတိပြုကြဖို့ အိန္ဒိယ အာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

ကိုးကား – NHK
Ref; More than 50 killed in northern India as heavy rain triggers landslides

#Ayeyarwaddy_Times