
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်
သမ္မတရဲ့လုပ်ပိုင်ခွင့်အရ သတ်မှတ်ခဲ့တဲ့ ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ အကူအညီပေးရေး အစီအစဉ်အရ ယူကရိန်းနိုင်ငံသို့ ဒေါ်လာ သန်း ၂၀၀ တန်ကြေးရှိ လုံခြုံရေး အကူအညီသစ်တစ်ရပ် ပေးအပ်မယ်လို့ အမေရိကန် နိုင်ငံက ကြေညာလိုက်ပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ ပေးအပ်မယ့် လုံခြုံရေးအကူအညီသစ်မှာ လေကြောင်းရန်ကာကွယ် ရေးစနစ်တွေ၊ အမြောက်ကျည်တွေ၊ တင့်ဖျက်ကျည်တွေနဲ့ မိုင်းရှင်းကိရိယာတွေ ပါဝင်တယ်လို့ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အမေရိကန်အစိုးရက ယူကရိန်းသို့ ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ အကူအညီပေးမယ်လို့ ကတိပြုခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူနှစ်ဉီးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရက ယူကရိန်းသို့ အကူအညီပေးတာ ဆက်လက်ပြုလုပ်နိုင်ဖို့ ထပ်တိုးဘတ်ဂျက်ရရှိရေး လက်ရှိမှာ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
“နေ့စဉ်လိုလို ရုရှားနိုင်ငံက ယူကရိန်းအရပ်သားတွေကို သတ်ဖြတ်ကာ အရပ်ဘက်အခြေခံအဆောက်အ အုံတွေကို ယူကရိန်း အရပ်ဘက်သုံးဆိပ်ကမ်းတွေ၊ ကောက်ပဲသီးနှံဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖျက် ဆီးတာတွေကတစ်ဆင့် ငတ်မွတ်ခေါင်းပါးမှုနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ မဖူလုံအောင် လက်နက်အားကိုးအနိုင်ကျင့်နေပါ တယ်” လို့ အန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
“ရုရှားက ဒီစစ်ပွဲကို စတင်ခဲ့တာဖြစ်ပြီး ယူကရိန်းကနေ တပ်ဖွဲ့တွေ ရုတ်သိမ်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်မှသာ ဒီစစ်ပွဲက ပြီးဆုံးနိုင်မှာဖြစ်ပါတယ်။ အမေရိကန်၊ မဟာမိတ်တွေ၊ မိတ်ဖက်တွေက ရုရှားကျူးကျော်စ်ရှိနေသရွေ့ ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ရုရှားဒရုန်း ၁၅ စင်းအပြင် ပင်လယ်ပြင်အခြေပြုဒုံးကျည်ရှစ်စင်းကို ပစ်ချနိုင် ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောကြားခဲ့ပေမယ့် အပျက်အစီးတွေကြောင့် မြေပြင်မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ် ခဲ့ရတယ်လို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံအရှေိ့ပိုင်း ခါဆင်ဒေသမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုရှားတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ် ခတ်မှုကြောင့် လူ ၇ ဉီး သေဆုံးကာ ၂၂ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။
ကိုးကား – VOA
Ref; US Commits Nts $200 Million Aid Package for Ukraine