
ဧရာဝတီတိုင်းမ်
(ဒိုက်ဦး)၊ ဩဂုတ်လ ၁၄ ရက်
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် ဩဂုတ်လ ၁၂ ရက် ည ၁၀ နာရီဝန်းကျင်က ဝါဂါမဏိရွာရှိ Mytel တာဝါတိုင်ကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခံခဲ့ပြီး နောက်တစ်နေ့နံနက်ပိုင်းတွင် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး နှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝါဂါမဏိရွာရှိ မိုင်တဲတာဝါတိုင်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ တာဝါတိုင်အောက်ခြေရှိ ကွန်ထရိုးဘောက်စ် များ ပျက်စီးခဲ့ပြီးနောက် ဩဂုတ်လ ၁၃ ရက်နေ့နံနက်ပိုင်းတွင် တာဝါတိုင်ပျက်စီးမှုကို လာရောက်စစ်ဆေးပြီး ပြန်လည်ထွက်ခွာလာသည့် စစ်ကောင်စီကား သုံး စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒိုက်ဦးအခြေစိုက် ခလရ ၄၄၀ တပ်ရင်းမှ တပ်ကြပ်ကြီးသန်းဇော်ဦးနှင့် တပ်ကြပ်ကြီးရခိုင်တို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ရန်ကုန်ရှိ စစ်ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
“စစ်ကောင်စီ ကတော့ ဝါဂါမဏိရွာ နဲ့ ပန်းပဲစုရွာကို ပိတ်ဆို့ စစ်ဆေးနေတယ်၊ ရွာတွေပါမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်။ အတည်ပြုမရတဲ့ သတင်းအရတော့ စစ်ကောင်စီဘက်က တစ် ယောက်သေပြီး လေးယောက် ဆေးရုံရောက်တယ်လို့ သိရတယ်။ အခုလက်ရှိတော့ ရွာထဲကိုတော်တော်မွှေနေတယ်။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်စလုံးရွာနှင့် ဝါဂါမဏိရွာကို စစ်ကောင်စီက စစ်ကြောင်းခွဲ၍ ကျေးရွာချောင်းများပါမကျန် လိုက်လံစစ်ဆေးနေပြီး သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှု့ ကို Soul Takers UG နှင့်9 Star UG အဖွဲ့တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဒိုက်ဦးမြို့နယ်တွင်ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် စစ်ကောင်စီသတင်းပေးဆိုသူ ဆန်းဝင်းဆိုသူကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း Bago Region PDFထံက သိရသည်။
ဓာတ်ပုံ – ပေးပို့။
#ဒိုက်ဦး #မိုင်တဲတာဝါတိုင် #ဖျက်ဆီးခံရ #စစ်ကောင်စီယာဉ် #မိုင်းဆွဲတိုက်ခိုက် #AyeyarwaddyTimes