ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၄ ရက်

မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုတွေကြောင့် တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံက ပူးတွဲကာ ကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ လာမယ့်အပတ်အတွင်း အရေးပါတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်မယ်လို့ ပြောပါတယ်။

စစ်ပွဲဖြစ်ပွားတဲ့ ပုံစံတူစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်တဲ့ Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီလ ၂၁ ရက်မှ ၃၁ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး ကွန်ပြူတာထိန်းချုပ် စစ်ရေးလေ့ကျင့်မှုတွေ၊ မြေပြင်လေ့ကျင့် မှုတွေနဲ့ အရပ်သားတွေရဲ့လေ့ကျင့်မှုတွေ ပါဝင်မယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုင်းပြည်ရဲ့ ဒုံးကျည်ထုတ်လုပ်မှုနဲ့ စစ်ပွဲဆင်နွှဲရေး အသင့် ပြင်ထားဖို့ ညွှန်ကြားမှုနဲ့အတူ ပြုံယမ်းက တင်းမာမှုတွေ တိုးမြှင့်လာချိန်မှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်မှာဖြစ်ပါ တယ်။

“ခြိမ်းခြောက်မှုအမျိုးမျိုးနဲ့ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေကနေ သင်ယူခဲ့တဲ့သင်ခန်း စာတွေကို ထင်ဟပ်စေတဲ့ ဖြစ်နိုင်ချေကို အခြေခံပြီး ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ ဒီစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မှာဖြစ်ပါတယ်” လို့ ပူးတွဲစစ်ဉီးစီးချုပ်များအဖွဲ့က သတင်းထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အခုစစ်ရေးလေ့ကျင့်မှုမှာ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုဝါဒ တုံ့ပြန်မှုဆိုင်ရာ စစ်ရေးလေ့ကျင့်မှု တွေလည်း ပါဝင်မယ်လို့ ပူးတွဲစစ်ဉီးစီးချုပ်များအဖွဲ့က ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံမှ တပ်ဖွဲ့တွေအပြင် ကုလသမဂ္ဂ ကွပ်ကဲမှုဌာနချုပ် (UNC) အဖွဲ့ဝင် နိုင်ငံတွေမှ တပ်ဖွဲ့ဝင်တွေလည်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မယ်လို့ သိရပါတယ်။

ကိုးကား – Yonhap
Ref; S. Korea, U.S. to stage key military drills next week amid persistent N. Korean threats

#Ayeyarwaddy_Times