
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုင်းပြည်ရဲ့ နှေးကွေးလေးလန်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရည်ညွှန်းပြီး တရုတ်နိုင်ငံကို အနာဂတ်မှာ အန္တရာယ်ရှိလာနိုင်တဲ့ အခြေအနေလို့ ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံအနောက်ပိုင်း ယူတာပြည်နယ်မှာကျင်းပတဲ့ ရန်ပုံငွေရှာဖွေပွဲ အခမ်းအနားတစ်ခုမှာ ဂျိုး ဘိုင်ဒင်က အလုပ်လက်မဲ့နှုန်းမြင့်မားမှု အပါအဝင် တရုတ်နိုင်ငံရဲ့ လှိုက်စားနေတဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေ ကို ထောက်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ မူဝါဒချမှတ်မှုကြောင့် အကျိုးသက်ရောက်မှုတွေအပေါ် စိုးရိမ်မိတယ်လို့ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီး “လူဆိုးတွေဟာ ပြဿနာတွေရှိလာရင် မကောင်းတာကို လုပ်ကြတယ်” လို့ ဆိုပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့ မှတ်ချက်စကားဟာ တရုတ်နိုင်ငံရဲ့ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံတဲ့နည်းလမ်းကို ထိခိုက် စေနိုင်တဲ့ ပြည်တွင်းတင်းမာမှုတွေကို ရည်ညွှန်းတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆို ခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တွေ့ဆုံလိုခြင်းမရှိဘဲ ယှဉ်ပြိုင်လိုတယ်လို့ ဂျိုးဘိုင်ဒင်က ထပ်လောင်းအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံနဲ့ စဉ်းစားချင့်ချိန်နိုင်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေဖို့ရည်ရွယ်ကာ အမေရိကန်နဲ့တရုတ်က ဆွေးနွေးမှုတွေ ဆက်လက်ပြု လုပ်ဖို့ သဘောတူခဲ့ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မှတ်ချက်စကားကြောင့် တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်မှုတွေ၊ တုံ့ပြန်မှု တွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Biden calls China ‘ticking time bomb’ over economic challenges