ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၂ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် သြဂုတ်လအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရာတွင် အနည်းငယ် ၀ယ်ယူသုံးစွဲသူများကိုသာ အဓိထားဖမ်းဆီးနေပြီး ရောင်းချနေသော သူများကို ဖမ်းဆီးတာမျိုးမတွေ့ကြောင်း မြို့ခံများကပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့ကလည်း ဒါးကမြို့တွင်နေထိုင်သူ လူငယ်တစ်ဦးမှ ပုသိမ်မြို့တွင် WY ဆေးပြား ၂၀ ကျော်လာရောက်၀ယ်ယူရာမှာ စောင့်ကြိုဖမ်းဆီးခဲ့ပြီး၊ အောင်သိဓ္ဓိရပ်ကွက်မှ လူငယ် တစ်ဦးကိုလည်း ဆေးပြားတွေနှင့်အတူ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ဒေသခံများမှပြောသည်။

” ဖမ်းတဲ့ လူငယ်လေးတွေ မိရင် ဆေးပြား ၁၀ ပြား ၁၅ ပြားနဲ့၊ အထက်က ဖမ်းခိုင်းလို့ မူးယစ်ဆေး အဖမ်းပြနေတာ ရောင်းနေတဲ့ လူကြမိတယ်တစ်ခါမှမကြားရဘူး”ဟု မြို့ခံတစ်ဦးကဧရာ၀တီတိုင်းမ်သို့ပြောသည်။

ယခုလို မူးယစ်ဆေးဝါးလာရာက်၀ယ်ယူသူ လူငယ်များကို သတင်းအတိအကျဖမ်းဆီးနိုင်ခြင်းသည်
ရောင်းချနေသော သူများမှ သတင်းပေး အဖမ်းပြခိုင်းခြင်းသာဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှသုံးသပ်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်များလာတာကြောင့် မူးယစ်ဆေးဝါးရောင်းချမှုနှင့် ငွေတုရောင်းချခြင်းလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

#ပုသိမ် #မူးယစ်ဆေးဝါး #အဖမ်းပြ #ရဲတပ်ဖွဲ့ #Ayeyarwaddy_Times