
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်
လက်ရှိ အာဆီယံအဖွဲ့ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့သက်တမ်း လာမယ့်နှစ်မှာ ကုန်ဆုံးပြီလျင်ပင် မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရုံးကို ဆက်ထားရမယ်လို့ အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်မှ အ ထက်လွှတ်တော်အမတ် တမ်မီဒတ်ဝပ်က ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လာမယ့်နှစ်မှာ လာအိုနိုင်ငံက အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ အာဆီ ယံအဖွဲ့ရဲ့ ယခင်လုပ်ထုံးလုပ်နည်းအရ လာအိုနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်လာမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ အစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရုံးကို ထူထောင်ခဲ့ ပြီး လက်ရှိမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဉီးဆောင်ကာ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ အဖွဲ့ရဲ့ကြိုးပမ်းမှုတွေကို လုပ်ဆောင်နေပါတယ်။
ဒတ်ဝပ်က အာဆီယံပါလီမန်များညီလာခံ (AIPA) တက်ရောက်ဖို့ ဂျကာတာမြို့တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ အာဆီယံပါလီမန်များညီလာခံ (AIPA) ရဲ့ လေ့လာသူနိုင်ငံတစ်ခု ဖြစ်ပါတယ်။
မြန်မာ့အရေး ဆွေးနွေးဖို့ အာဆီယံနိုင်ငံတွေ၊ အခြားလေ့လာသူနိုင်ငံတွေမှ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ခဲ့တယ်လို့ သူက ဆိုပါတယ်။
တာရှည်အကျပ်အတည်းဒဏ်ခံ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်ဖို့ ဂျကာ တာမြို့တော်မှာပြုလုပ်တဲ့ ၄၄ ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံအတွင်း AIPA အဖွဲ့ဝင်နိုင်ငံတွေ၊ လေ့ လာသူနိုင်ငံတွေက သဘောတူခဲ့ပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးတွေ၊ မိန်းခလေးတွေနဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံက အလွန်စိုးရိမ်မိတယ်လို့ တမ်မီဒတ်ဝပ်က ပြောပါတယ်။
“မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြေရှင်းတဲ့ကြိုးပမ်းမှုမှာ အင်ဒိုနီးရှားနိုင်ငံက ဉီးဆောင် အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Antara News
Ref; Office of ASEAN special envoy on Myanmar must continue: US senator