ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့ ရှိ အထက်တန်းကျောင်းတွင်အထက်တန်းပြ ဆရာမ တစ်ဦးသာ ရှိနေသောကြောင့် စာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအတွက် အခက်ကြုံနေရကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါကျောင်းတွင် အထက်တန်းအဆင့် တက်ရောက်နေသူ ကျောင်းသား၂၀ခန့်ရှိပြီး လက်ရှိ သင်ကြားပေးနေသောဆရာမဆိုသူမှ စက်တင်ဘာလတွင် ခွင့်ယူမည်ဟု ဆိုသောကြောင့် သင်ကြားရေး ရပ်ဆိုင်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

“ဒေသခံတွေက သာမာန်လက်လုပ်လက်စားတွေများပါတယ်။ မြို့မှာအထက်တန်းကျောင်းရှိတယ်ဆိုတော့ ကလေးတွေပညာတတ်ဖြစ်စေခြင်လို့ ထားတာ ခုက ဆရာ၊ဆရာမလည်းလုံလောက်မှုမရှိပဲနဲ့ ဘယ်လိုဆက်သင်တောမလဲ”ဟု ဒေသခံကျောင်းသားမိဘတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

ပြင်စလူတွင် လက်ရှိ အထက်တန်းတက်ရောက်နေသော ကျောင်းသားများထဲတွင် ငွေကြေးတတ်နိုင်သူ ခြောက်ဦးခန့်သာရှိပြီး အဆိုပါကျောင်းသားများသည် လပွတ္တာမြို့ကို ပြောင်းရွှေ့သင်ကြားရန် ပြင်ဆင်နေပြီး ကျန်သူများအနေဖြင့် ကျောင်းထွက်ရမည့်အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်းအတွင်း မြိုနယ်တစ်ချို့ရှိ စာသင်ကျောင်းများတွင် ဆရာ၊ဆရာမ အလုံအလောက်မရှိသည့်အတွက် ပြင်ပမှ သင်ကြားသူများကို ခေါ်ယူကာ ကျောင်းသားများထံက လစဥ်ငွေကောက်ခံပြီးဌားရမ်းသင်ကြားနေရကြောင်း သိရသည်။

#ပြင်စလူမြို့ #အထကကျောင်း #အထက်တန်းပြဆရာတစ်ဦးသာရှိ #ကျောင်းသားများအခက်တွေ့
#Ayeyarwaddy_Times