
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခဖြစ်ရတာ အိမ်နီးချင်း မြန်မာနိုင်ငံ က မငြိမ်သက်မှုကြောင့်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး အေမက်ရှားက အပြစ်ဖို့ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုမှတစ် ဆင့် ပြဿနာကိုဖြေရှင်းဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုက ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော် ကာ မဏိပူရ်ပြည်နယ်အတွင်းသို့ ထွက်ပြေးစေခဲ့တယ်လို့ သူက လွှတ်တော်သို့ ပြောပါတယ်။
မေလနောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခကြောင့် လူ ၁၈၀ ကျော် သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရရှိကာ ထောင်ပေါင်းများစွာသော ပြည်သူတွေ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝှမ်း ဒီမိုကရေစီအင်အားစုအင်အားစုတွေနဲ့ တိုက်ခိုက်နေပါတယ်။ မြန်မာနိုင်ငံက ချင်းလူမျိုးတွေနဲ့ မဏိပူရ်ပြည်နယ်ရှိ ကူကီးလူမျိုးတွေက မျိုးနွယ်စုတူသူ တွေဖြစ်ပါတယ်။
မဏိပူရ်ပြည်နယ်က လူမျိုးစုနှစ်ခုဖြစ်တဲ့ ကသည်းတွေနဲ့ ကူကီးတွေအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ စားပွဲဝိုင်းကိုလာကြဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ပြဿနာကိုဖြေရှင်းဖို့ အေမက်ရှားက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံမှ ဒုက္ခသည်တွေ မဏိပူရ်ပြည်နယ်တွင်း ဝင်ရောက်လာတာ ကသည်းလူမျိုးတွေကြား မလုံမ ခြုံဖြစ်စေတယ်လို့ သူက ဆက်ပြောပါတယ်။
မဏိပူရ်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လျော့နည်းလာပြီး စစ်တပ်နဲ့ အရံတပ်ဖွဲ့ဝင် ၃၆၀၀၀ နီးပါး တပ် ဖြန့်ထားတယ်လို့ အေမက်ရှားက လွှတ်တော်ကို ပြောပါတယ်။
ကိုးကား – Reuters
Ref; Amit Shah blames unrest in neighbouring Myanmar for Manipur bloodshed