
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ မီးငြှိမ်းသတ်နေစဉ် ရဟတ်ယာဉ်နှစ်စင်း ဝေဟင်မှာ ခေါင်းချင်းဆိုင်တိုက်မိပြီးနောက် ပိုင်းလော့တစ်ဉီး အပါအဝင် လူသုံးဉီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ရေးဗားဆိုဒ်ကောင်တီ ကာဘာဇွန်အနီး မီးလောင်ကျွမ်းမှုတစ်ခုကို မီး ငြှိမ်းသတ်ဖို့ မီးသတ်သမားတွေကို အကူအညီတောင်းခံပြီးနောက် အခုဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
ရဟတ်ယာဉ်နှစ်စင်း ဝေဟင်မှာ ခေါင်းချင်းဆိုင်တိုက်မိခဲ့ပေမယ့် ရဟတ်ယာဉ်တစ်စင်းက ဘေးအန္တရာယ် ကင်းစွာ ဆက်သက်နိုင်ခဲ့ပြီး နောက်တစ်စင်းကတော့ ပျက်ကျခဲ့လို့ ရဟတ်ယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့ပါ တယ်။
အမျိုးသား သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင် နေပါတယ်။ သေဆုံးသူသုံးဉီးမှာ မီးသတ်အရာရှိတစ်ဉီး၊ သစ်တောဌာနမှ အကြီးအကဲတစ်ဉီးနဲ့ ရဟတ်ယာဉ်မှူး တစ်ဉီးတို့ ဖြစ်ပါတယ်။
အခုဖြစ်စဉ်ဟာ ကြောက်မတ်ဖွယ်ရာ ဆုံးရှုံးမှုတစ်ခုလို့ တောင်ပိုင်းဒေသ မီးသတ်ဌာန အကြီးအကဲ ဒေး ဗစ်ဖူလ်ချာက ပြောပါတယ်။ မီးလောင်ကျွမ်းမှုဟာ ကနဉီးမှာ အဆောက်အအုံတစ်လုံးအတွင်း ဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်းမှာ အနီးအနားသို့ ပျံ့နှံ့သွားခဲ့တယ်လို့ သူက ပြောပါတယ်။
ရဟတ်ယာဉ်နှစ်စင်း ဝေဟင်မှာ ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပေမယ့် တစ်ဖြည်းဖြည်း မီးတောက်ကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်က စောင့်ကြည့်လေ့လာရေးအတွက် အသုံးပြုတဲ့ Bell အမျိုးအစား ရဟတ် ယာဉ်တစ်စင်းဖြစ်ပြီး အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့တဲ့ ရဟတ်ယာဉ်က Sikorsky Skycrane အမျိုးအစား ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် မီးလောင်ကျွမ်းမှုရာသီအတွင်း ပထမဆုံး လူသေဆုံးတဲ့ဖြစ်စဉ်ဖြစ်တယ်လို့ ဒေသန္တရ မီးသတ် ဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ကိုးကား – BBC
Ref: California: Three killed in firefighting helicopter crash