ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်
ယူကရိန်းမှာ တပ်ဖြန့်ထားတဲ့ ထောင်နဲ့ချီတဲ့ လေထီးတပ်ဖွဲ့ဝင်တွေရဲ့ ၅၀ ရာခိုင်နှုန်း ကျဆုံး သို့မဟုတ် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဗြိတိန် ထောက်လှမ်းရေးသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
သြဂုတ်လ ၂ ရက်က ကျင်းပခဲ့တဲ့ ရုရှားလေတပ်ဖွဲ့နေ့မှာ ယူကရိန်းမှာကျဆုံးခဲ့တဲ့ လေထီးစစ်သည်တွေအ ကြောင်း လွှမ်းမိုးသွားခဲ့တယ်” လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
“လေထီးစစ်သည် ၈၅၀၀ ကျဆုံးခဲ့ သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားလေတပ်ဖွဲ့နေ့ မိန့်ခွန်းတစ်ရပ် မှာ လေတပ်ချုပ် ဗိုလ်ချုပ်ကြီး မီးခေးလ်တက်လင်စကီးက ထည့်သွင်းပြောခဲ့ပါတယ်” လို့ ဗြိတိန်ကာကွယ်ရေးဝန် ကြီးဌာနက ဆိုပါတယ်။
“အဲဒီရုပ်သံဖိုင်ကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်ချန်နယ်တွေကနေ ချက်ချင်း ဖျက်ပစ်ခဲ့ပါ တယ်။ ယူကရိန်းမှာ ရုရှားလေထီးစစ်သည် ဘယ်လောက်ကျဆုံး သို့မဟုတ် ဒဏ်ရာရတယ်ဆိုတာကို သူက မှတ် ချက်မပေးပါဘူး” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းမှာ တပ်ဖြန့်ထားတဲ့ ရုရှားလေထီးစစ်သည် ၃၀၀၀၀ အနက် ၅၀ ရာခိုင်နှုန်း ထက်မနည်း ကျဆုံး သို့မဟုတ် ဒဏ်ရာရခဲ့တယ်ဆိုတာ သူ့ရဲ့မိန့်ခွန်းမှာ ဖော်ပြနေပါတယ်” လို့ ဗြိတိန် ထောက် လှမ်းရေးသတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်းချီတပ်ဖွဲ့လို့ လူသိများတဲ့ လေထီးစစ်သည်တွေဟာ ကမ္ဘာတစ်ဝန်းရှိ ခေတ်မီစစ်တပ်တွေမှာ အရေးပါတ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
အထူးလေ့ကျင့်ပေးထားတဲ့ လေကြောင်းချီတပ်ဖွဲ့ဝင်တွေဟာ လေယာဉ်တွေ၊ လေထီးတွေအသုံးပြုပြီး ပဋိပက္ခဇုန်တွေမှာ ဖြန့်ကြက်ဖို့ လေ့ကျင့်ပေးထားတာပါ။
လေကြောင်းချီတပ်ဖွဲ့ဝင်တွေဟာ သမားရိုးကျ မြေပြင်လမ်းကြောင်းတွေအတိုင်းမဟုတ်ဘဲ ဝေဟင်က နေ စစ်မြေပြင်ကို မြန်ဆန်စွာ ရောက်ရှိနိုင်တဲ့ လျင်မြန်သော တပ်ဖြန့်ရေးစွမ်းရည်တွေရှိတယ်လို့ လူသိများပါ တယ်။
ရုရှားစစ်တပ်ရဲ့ လေကြောင်းချီတပ်ဖွဲ့ဝင် ၅၀ ရာခိုင်နှုန်း ဆုံးရှုံးတာကြောင့် ယူကရိန်းမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ရာမှာ သိသိသာသာ အခက်အခဲ ရှိလာစေမယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
ကိုးကား – Al Arabiya News
Ref; Russia has lost at least 50 pct of its paratroopers in Ukraine: UK