ဧရာဝတီတိုင်းမ်
သြဂုတ်လ ၇ ရက်
ခေါင်းဆောင်ကြီး ကင်ဂျုံအန်ဟာ ဒုံးပစ်လောင်ချာတွေနဲ့ ရွေ့လျားဒုံးကျည်ပစ်စင်တွေအတွက် အမြောက် ကျည်တွေ အပါအဝင် အရေးပါတဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံတွေသို့ သွားရောက်လည်ပတ်ခဲ့တယ်လို့ မြောက် ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့မှ စနေနေ့အတွင်း လက်နက်စက်ရုံတွေကို သွားရောက် ခဲ့တာလို့ အာဏာရ အလုပ်သမားပါတီရဲ့ တနင်္ဂနွေနေ့ထုတ်သတင်းစာက ဖော်ပြပါတယ်။
ကင်ဂျုံအန်က တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ရာမှာ အသုံးပြုတဲ့ ပစ်စင်တွေထုတ်လုပ်တဲ့ စက် ရုံတစ်ခုကို သွားရောက်တဲ့ဓာတ်ပုံတွေကို အဆိုပါသတင်းစာက ဖော်ပြပါတယ်။
စစ်လက်နက်တွေ တိုးမြှင့်ထုတ်လုပ်ဖို့ ကင်ဂျုံအန်က တာဝန်ရှိသူတွေကို မှာကြားခဲ့တယ်လို့ အဆိုပါသ တင်းစာက ဆိုပါတယ်။
မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေအတွက် အင်ဂျင်တွေထုတ်လုပ်တဲ့ စက် ရုံတစ်ရုံကိုလည်း ကင်ဂျုံအန်က ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ဇူလိုင်လ ၂၇ ရက်က ကိုရီးယားစစ်ပွဲပြီးဆုံးတဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား စစ်ရေးပြပွဲ တစ်ခု ပြုလုပ်ပြီးနောက် ကင်ဂျုံအန်က လက်နက်စက်ရုံတွေသို့ သွားရောက်စစ်ဆေးခဲ့တာပါ။
အဆိုပါစစ်ရေးပြပွဲမှာ မြောက်များလှစွာသော ဒရုန်းတွေနဲ့ Hwasong-18 လို့ခေါ်တဲ့ ICBM အမျိုးအစား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံကို သတိပေးမှုအနေနဲ့ ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံရဲ့ ကာ ကွယ်ရေးစွမ်းပကားတွေကို မီးမောင်းထိုးပြဖို့ လက်နက်စက်ရုံတွေကို သွားရောက်ခဲ့တာဖြစ်နိုင်ပါတယ်။
ကိုးကား – NHK
Ref; N.Korea leader Kim inspects major arms factories