ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်

ယူကရိန်းလေကြောင်းလိုင်းတစ်ခုက ပိုင်ဆိုင်တဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတယ်ဆိုတဲ့ ကုန် တင်လေယာဉ်တစ်စင်း ပြီးခဲ့တဲ့ စနေနေ့က ဂရိနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျခဲ့ရာ အမှုထမ်းရှစ်ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။

ဆားဘီးယားနိုင်ငံကနေ အရှေ့အလယ်ပိုင်းဒေသရှိ ဂျော်ဒန်နိုင်ငံကို ပျံသန်းနေတဲ့ အဲဒီကုန်တင်လေယာဉ် ဟာ လယ်ကွင်းတစ်ခုထဲကို ထိုးကျခဲ့တယ်လို့ ဂရိ လေကြောင်းပျံသန်းရေး အာဏာပိုင်တွေက ပြောပါတယ်။

မြေပြင်ပေါ်ကို ထိုးကျသွားတဲ့ ယူကရိန်းကုန်တင်လေယာဉ် မီးတောက်လောင်နေပုံကို အခင်းဖြစ်ရာနေ ရာမှ ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။

လက်နက်ခဲယမ်း ၁၁ တန်ကျော် သယ်ဆောင်လာတဲ့ အဲဒီကုန်တင်လေယာဉ်ကို ယူကရိန်းနိုင်ငံအခြေစိုက် ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုက လုပ်ကိုင်တာဖြစ်ပါတယ်။

အင်ဂျင်ချို့ယွင်းမှုကြောင့် လေယာဉ်မှူးဖြစ်သူက အရေးပေါ်ဆင်းသက်ဖို့ တောင်းဆိုပြီးတဲ့နောက် လေ ယာဉ်ရဲ့ အချက်ပြစနစ်ကို ချက်ချင်း ဆက်သွယ်လို့မရတော့ဘူးလို့ ဂရိမီဒီယာတွေက ဖော်ပြကြပါတယ်။

ဂရိအာဏာပိုင်တွေက လေယာဉ်အမှုထမ်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းဖော်ထုတ်နေ တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Cargo plane carrying munitions crashes in Greece, killing eight crew members