
နွေဦးမောင် /ဧရာဝတီတိုင်းမ်
သြဂုတ်လ ၇ ရက်
မိုးအဆက်မပြက်ရွာသွန်းမှုကြောင့် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးအပိုင်း တောနော်ရေတံခွန် အနီးတွင် မြေသားအိဆင်းကာ ပြတ်ကျသွားသည့်အတွက် သွားလာရေးအခက်ကြုံနေရကြောင်း သတင်းရရှိသည်။
အဆိုပါ လမ်းပိုင်း ပြတ်တောက်မှုသည် ယနေ့သြဂုတ်လ (၇)ရက် နေ့လည် က ဖြစ်ပွားခဲ့ပြီး မြဝတီနယ်စပ်မှ ကုန်စည်စီးဆင်းမှုအတွက် ကာလအတန်ကြာ ရပ်ဆိုင်းသွားနိုင်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများက ခန့်မှန်းပြောဆိုကြသည်။
“အရင်ရက်တွေကတော့ လမ်းပေါ်ရေကျော်တာတွေ ရှိနေပေမဲ့ ခရီးသွားလာလို့ရသေးတဲ့အခြေနေပါ။ အခုကလမ်းပိုင်းကြီး ခါးကကြိုးသလို ဖြစ်တာဆိုတော့ ကားတွေအကုန် ရောက်တဲ့နေရာက ပြန်လှည့်နေကြတယ် “ ဟု အဆိုပါနေရာသို့ ရောက်ရှိနေသည့် ခရီးသွားပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် အဆိုပါ လမ်းပိုင်း ပြတ်ထွက်သွားသည့် နေရာတွင် ကားအစီးရေ ရာဂဏန်းခန့် ပိတ်မိနေကြောင်း သိရသည်။
ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ မဲဆောက်တွင် မိုးအဆက်မပြတ်ရွားသွန်းမှုကြောင့် မြဝတီမြို့အပါအဝင် နှစ်နိုင်ငံ နယ်စပ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသလို ကော့ကရိတ်တွင်လည်း ရေနစ်မြုတ်မှုများ ရှိနေကြောင်းသိရသည်။
#မိုးအဆက်မပြတ် #ရွာသွန်းမှုကြောင့် #မြဝတီကော့ကရိတ်#အာရှလမ်းမကြီး #ပြတ်ထွက်သွား
#Ayeyarwaddy_Times