ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၆ ရက်
ဧရာဝတီတိုင်း၊ ဇလွန်မြို့တွင် လူမနေသည့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံရဲများမှ ဓာတ်ပုံ လိုက်ရိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် လူမနေတော့သည့် ​နေအိမ်များကို ရဲများက ဩဂုတ်လဆန်းပိုင်းမှ စတင်ကာ ဓာတ်ပုံရိုက် မှတ်တမ်းယူနေခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။
” အဓိက CDM တွေနဲ့ ဆန္ဒပြပြီး တိမ်းရှောင်သွားတဲ့ အိမ်တွေကို လိုက်ရိုက်နေတာ”ဟု ဒေသခံအမျိုးသား တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ခုလိုမျိုး လူမနေသည့် အိမ်များကို ဓာတ်ပုံလိုက်ရိုက်သည့် အကြောင်းအရင်းအား အတည်ကျမသိသေးကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ဇလွန်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ ဒေသခံပြည်သူများ၏ နေအိမ်အလုံး ၅၀ ကျော်ကို ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။