
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
လွန်ခဲ့သောတစ်လက ကွာလာလမ်ပူမြို့တော်မှာ ဖမ်းဆီးရခံပြီးနောက် ပျောက်ဆုံးနေတဲ့ မြန်မာဒုက္ခ သည်နဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နဲ့မိသားစု ဘေးအန္တရာယ်ကင်းရေး မလေးရှားအာဏာပိုင်တွေက အရေးတကြီး လုပ်ဆောင်ရမယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ယနေ့ ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တွေ အပါအဝင် တိုင်းပြည်တွင်းရှိ ပြည်သူအားလုံး ဘေးကင်းလုံခြုံရေး အာမခံဖို့ မလေးရှားအစိုးရမှာ တာဝန်ရှိတယ်လို့ AI က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
ဇူလိုင်လ ၄ ရက်ညနေပိုင်းက အသက် ၄၆ နှစ်အရွယ် ဒေါ်သူဇာမောင်၊ ခင်ပွန်းသည် စောသန်းတင်ဝင်းနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသုံးဉီးကို အမ်ပန်းဂျာယာရှိ နေအိမ်မှ မည်သူမည်ဝါမသိရတဲ့လူတစ်စုက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မည်သူမည်ဝါမသိရတဲ့လူတစ်စုဟာ ကားတစ်စင်းနဲ့ ဒေါ်သူဇာမောင်နေထိုင်ရာ နေအိမ်သို့ ရောက်ရှိလာ ပြီး ရဲတပ်ဖွဲ့ဝင်တွေလို့ မိတ်ဆက်ကာ ဒေါ်သူဇာမောင်တို့မိသားစုကို ခေါ်ဆောင်သွားတယ်လို့ ထိုဖြစ်စဉ်ဖြစ်ပွား ချိန် တာဝန်ကျတဲ့ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တစ်ဉီးက ပြောပါတယ်။
လူတစ်စုက ဒေါ်သူဇာမောင်တို့မိသားစုအား ပြန်ပေးဆွဲချိန် ဒေါ်သူဇာမောင်က သူငယ်ချင်းတစ်ဉီးထံ ဖုန်း ခေါ်ဆိုပြီး နေအိမ်ထဲကို လူစိမ်းတွေ ဝင်ရောက်လာပြီလို့ ခင်ပွန်းဖြစ်သူကို အော်ဟစ်ပြောဆိုခဲ့တယ်လို့ သိရပါ တယ်။
ဇူလိုင်လ ၄ ရက်ကတည်းက ဒေါ်သူဇာမောင်နဲ့မိသားစု ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သူတို့ရဲ့တည်နေရာ ကို မသိရသလို အဆက်အသွယ်လည်း မရတော့ဘူးလို့ ဒေါ်သူဇာမောင်ရဲ့ မိတ်ဆွေတစ်ဉီးက ပြောပါတယ်။
မလေးရှားရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ် ပြန်ပေးဆွဲမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ခု ဖွင့်လှစ်ကာ ပြန်ပေးဆွဲသူတွေ အသုံးပြုခဲ့တဲ့ မော်တော်ကားရဲ့ လိုင်စင်နံပါတ်ပြားကို ဖော်ထုတ်ခဲ့ပါတယ်။
ဒေါ်သူဇာမောင်နဲ့မိသားစုကို ပြန်ပေးဆွဲတာ သူ့ရဲ့ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ တိုက် ရိုက် သက်ဆိုင်နေတယ်လို့ ဒေါ်သူဇာမောင်ရဲ့ လုပ်ဖော်ကိုင်ဖက်က ယုံကြည်နေပါတယ်။
ဒေါ်သူဇာမောင်ဟာ မြန်မာမူဆလင်ဒုက္ခသည်အသိုင်းအဝိုင်း ပူးတွဲတည်ထောင်သူနဲ့ မြန်မာရွှေ့ပြောင်း လုပ်သားကော်မတီရဲ့ ဥက္ကဌဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အနီးကပ် လက်တွဲဆောင်ရွက်နေပါတယ်။
ဒေါ်သူဇာမောင်ဟာ ပြန်ပေးဆွဲမခံရမီ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို လူမှုကွန်ရက်မှာ ပွင့်လင်းစွာ ဝေဖန်ခဲ့ပါတယ်။
ဒေါ်သူဇာမောင်ဟာ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံမှ ထွက်ပြေးကာ မလေးရှားနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံခဲ့ ပါတယ်။ ဒေါ်သူဇာမောင်တို့မိသားစုဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ မလေးရှားနိုင်ငံရှိ ဒုက္ခ သည်တွေအဖြစ် အသိအမှတ်ပြုခံထားရသူတွေဖြစ်ပါတယ်။
ကိုးကား – AI
ALAYSIA: MYANMAR REFUGEE ACTIVIST AND FAMILY STILL MISSING A MONTH AFTER SUSPECTED ENFORCED DISAPPEARANCE