ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်
ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်လေးခုနီးပါး တင်းကျပ်စွာ အုပ်ချုပ်ခဲ့တဲ့ အသက် ၇၀ နှစ်အရွယ် ဟွန် ဆမ်က ဒီလအတွင်း သားဖြစ်သူ ဟွမ်မာနက်ကို ဝန်ကြီးချုပ်အဖြစ် အာဏာလွှဲပြောင်းပေးဖို့ ပြီးခဲ့တဲ့အပတ်က ရာ ထူးမှနှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန်၊ ကုလသမဂ္ဂနဲ့ ဉရောပသမဂ္ဂတို့က လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ ရှုတ်ချခဲ့တဲ့ ပြီးခဲ့တဲ့ လ ရွေးကောက်ပွဲမှာ အာဏာရ CPP ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိပြီးနောက် ဟွန်ဆမ်က သားဖြစ်သူ ဟွမ် မာနက်ကို အာဏာလွှဲပေးဖို့ ကြိုးပမ်းလာတာပါ။
ကမ္ဘောဒီးယား ရွေးကောက်ပွဲမှာ အာဏာရ CPP ပါတီက ဆန္ဒမဲ ၈၂ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး အောက် လွှတ်တော် အမတ်နေရာ ၁၂၅ နေရာမှာ ၅ နေရာမှလွဲပြီး အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲအာဏာပိုင်တွေက ပြောပါတယ်။
“ကမ္ဘောဒီးယားနိုင်ငံမှာ ဒီမိုကရေစီ အနိုင်ရသွားပြီလို့ ကျွန်တော် ကြေညာပါတယ်။ ဝေဖန်မှုတွေဟာ နိုင် ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး” လို့ ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း ပထမဆုံး မိန့် ခွန်းမှာ ဟွန်ဆမ်က ပြောပါတယ်။
“အာဏာချုပ်ကိုင်မယ်ဆိုရင် သွေးထွက်သံယိုမှုတွေ ရှိလာနိုင်ပါတယ်။ ဟွမ်မာနက်ကို အာဏာလွှဲပြောင်း ပေးတာနဲ့ပတ်သက်လို့ CPP အကြီးတန်းအဖွဲ့ဝင်တွေကြား အငြင်းပွားမှု မရှိခဲ့ပါဘူး” လို့ ဟွန်ဆန်က ပြောပါ တယ်။
သြဂုတ်လ ၂၂ ရက်တွင် လွှတ်တော်၌ အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်နိုင်ရေး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင် ဖို့ အသက် ၄၅ နှစ်အရွယ် ဟွမ်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ ကမ္ဘောဒီးယားဘုရင်ကို တင်ပြမယ်လို့ သူက ဆက်ပြောပါတယ်။
ကမ္ဘောဒီးယားအစိုးရသစ်ကို ငယ်ရွယ်တဲ့ဝန်ကြီးတွေနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ဝန်ကြီးအချို့က ဖခင်ဖြစ်သူတွေ ရဲ့ ရာထူးနေရာကို ဆက်ခံမယ်လို့ သိရပါတယ်။
ပြည်ပရောက် ဒီမိုကရေစီခေါင်းဆောင် ဆမ်ရိမ်ဆီနဲ့ ပတ်သက်မှုရှိတာကြောင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ တစ် ခုတည်းသော အတိုက်အခံပါတီ Candlelight Party ကို ဖျက်သိမ်းသင့်တယ်လို့ ဟွန်ဆမ်က ဆိုပါတယ်။
သားဖြစ်သူရဲ့ အုပ်ချုပ်ရေးမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ပေမယ့် တိုင်းပြည်ရဲ့နိုင်ငံရေးမှာ ဆက်လက် လွှမ်းမိုးနေမယ်လို့ ဟွန်ဆမ်က ထပ်လောင်းအတည်ပြုပါတယ်။
ဟွန်ဆမ်ဟာ ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ပြီးလျင် အထက်လွှတ်တော်ဥက္ကဌ ဖြစ်လာမှာဖြစ်ပြီး ကမ္ဘော ဒီးယားဘုရင် ပြည်ပရောက်နေပါက နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။
ကိုးကား – AFP
Ref; Cambodia’s Hun Sen defends dynastic succession amid international criticism