
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၃ ရက်
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေးအရ အရေးပါသည့် နေရာများကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ၎င်း၏ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ယနေ့ ဩဂုတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
စစ်ကောင်စီအဖွဲ့၀င် ပြည်ထဲရေး၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နေရာချိန်းပြီး ပြောင်းလဲခန့်အပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ရိုဟင်ဂျာအရေး ပြည်တွင်းရေးများနှင့်ပတ်သက်၍ တရားရင်ဆိုင်ရန် အတွက် ဦးဆောင်ကော်မတီတွင် ပါ၀င်ဆောင်ရွက်ခဲ့ သည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ပြည်ထဲရေး၀န်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ပြည်ထဲရေး၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထောင်စု၀န်ကြီးဌာန ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန (၁)တွင် ပြောင်းလဲ ခန့်အပ်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ဗိုလ်ချုပ်ကြီး မြထွန်းဦးနေရာသို့ ပြောင်းရွှေ့ကာ နေရာချင်းလဲ၍ ပြောင်းလဲ ခန့်အပ်ခဲ့သည်။
ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးမှာမူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီး ဖြစ်လာခဲ့သည်။
#စစ်ကောင်စီဥက္ကဌ #စစ်ရေးအရအရေးပါသည့်နေရာများ #အပြောင်းအလဲများပြုလုပ် #ပြင်ဆင်ဖွဲ့စည်း #Ayeyarwaddy_Times