ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်
ယူကရိန်းနိုင်ငံရဲ့ တန်ပြန်ထိုးစစ်ဆင်မှုက အောင်မြင်မှုရရင် ရုရှားနိုင်ငံက နျူကလီးယားလက်နက် အသုံး ပြုလာနိုင်တယ်လို့ ရုရှားသမ္မတဟောင်း ဒီမီထရီမတ်ဗီဒတ်ဗ်က ပြောပါတယ်။
အခြေအနေအရ ရုရှားနိုင်ငံက နျူကလီးယားလက်နက် အသုံးပြုနိုင်တယ်လို့ သမ္မတ ဗလာဒီမာပူတင် ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဌဖြစ်သူ မတ်ဗီဒတ်ဗ်က လူမှုကွန်ရက်အကောင့်မှာ ပြောပါတယ်။
“နေတိုးအဖွဲ့က ပံ့ပိုးပေးထားတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင်မှု အောင်မြင်လာရင် ရုရှားနိုင်ငံက နျူကလီးယားလက်နက်ကို အသုံးပြုလာနိုင်တယ်” လို့ သူက ဆိုပါတယ်။
သမားရိုးကျလက်နက်တွေ အသုံးမပြုဘဲ နျူကလီးယားလက်နက်တွေကို အသုံးပြုဖို့ ရုရှားနိုင်ငံရဲ့ နျူက လီးယားအယူဝါဒကို ရုရှားနိုင်ငံရဲ့ ရန်အလိုဆုံးပုဂ္ဂိုလ်တစ်ဉီးဖြစ်တဲ့ မတ်ဗီဒတ်ဗ်က ထုတ်ဖော်ပြောကြားခဲ့တာပါ။
ယူကရိန်းနဲ့ အနောက်နိုင်ငံအများစုက ရှုတ်ချခဲ့တဲ့ ရုရှားက တစ်ဖက်သတ် ကျူးကျော်တိုက်ခိုက်ကာ မိမိ ပိုင်နက်နယ်မြေအဖြစ် ကြေညာခဲ့တဲ့ ပိုင်နယ်နယ်မြေတစ်ခုကို ပြန်လည်သိမ်းပိုက်ဖို့ ယူကရိန်းက ကြိုးပမ်းနေပါ တယ်။
ဇွန်လ ၄ ရက်နောက်ပိုင်း ယူကရိန်းနိုင်ငံဟာ စစ်လက်နက်ကိရိယာ အမြောက်အများ ဆုံးရှုံးခဲ့လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်မြေပြင်တွေမှာ အပြောင်းအလဲမရှိဘူးလို့ ပူတင်က ပြောပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့တဲ့အပေါ် မတ်ဗီဒတ်ဗ်က အလွန်အမင်း ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – Reuters
Ref; Russia can use nuclear weapon if Ukrainian offensive succeeds: Ex-President