ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျီကုန်းကျေးရွာနှင့် ရွှေပေါက်ပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူ တစ်ဦးနှင့် အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများဟာ ရွှေပေါက်ပင်ကျေးရွာကို ဇူလိုင် ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဝင်ရောက်လာပြီး အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံပြည်သူ တစ်ဦးနှင့် အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။
“စစ်တပ်နဲ့ပျူစောထီးတွေဗျ။ နေ့လယ်ပိုင်းလောက်က ဝင်လာပြီး ၃ နာရီ လောက်မှာ မီးရှို့သွားတာ။ အရပ်သားတစ်ယောက်တော့ အသတ်ခံရတယ်။ တစ်ယောက်လည်း အဖမ်းခံထိတယ်။ အိမ် ၁၀၀ လုံးလောက်ပါသွားတယ်။ အိမ်မွေးတိရစ္ဆာန်တွေလည်း သတ်သွားကြတယ်” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် ကျီကုန်းကျေး ရွာ နှင့် ရွှေပေါက်ပင်ကျေးရွာ အနီးတဝိုက်ရှိ ကျေးရွာဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း မြောင်လူ သားချင်း စာနာမှုကူညီရေးအဖွဲ့ (Myang Humanitarian Aid Team) ထံက သိရသည်။
ပုံစာ – Myang Humanitarian Aid Team
ပုံစာ – မြောင်မြို့နယ်၊ရွှေပေါက်ပင်ကျေးရွာနှင့် ကျီကုန်းကျေးရွာမှ မီးရှို့ခံထားရသော လူနေအိမ်များ
#စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #ကျီကုန်းကျေးရွာ #ရွှေပေါက်ပင်ကျေးရွာ #မီးရှို့ဖျက်ဆီး #အရပ်သားပြည်သူတဦးသတ်ဖြတ်ခံရ #Ayeyarwaddy_Times