ကိုကိုမောင်/ဧရာဝတီတ်ိုင်းမ်
ရန်ကုန်၊ ဇူလိုင်လ ၁၇ ရက်
ရန်ကုန်တိုင်းရှိ စစ်ကောင်စီ၏ အောင်သပြေစစ်ကြောရေးတွင် စစ်ဆေးခံနေရသည့် တောင်ဥက္ကလာနှင့် သင်္ကန်းကျွန်မြို့နယ်တို့မှ စွပ်စွဲဖမ်းဆီးခံရသူ ၇ ဦးအနက် ၃ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဖမ်းဆီးခံရသူအချို့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
” သူတို့ ၇ ယောက်က PDF ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတာပါ။ အဲ့ထဲမှာ မအေးအေးမင်းမှာကကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ ခံစားနေရတာပါ။ ခုသိရသလောက်တော့ အောင်သပြေစစ်ကြောရေးမှာရောက်နေတယ်။ ၃ ယောက်က အထဲမှာ ရိုက်နှက်စစ်ဆေးထားတဲ့ ဒဏ်ကြောင့် အခြေအနေစိုးရိမ်ရတယ်လို့ ကြားရတယ်။ အဲ့ ၃ ယောက်က ဘယ်သူတွေဆိုတာမသိရဘူး” ဟု ဖမ်းဆီးခံရသူအချို့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၎င်းတို့ ၇ ဦးမှာ ဇူလိုင်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် တောင်ဥက္ကလာမြို့နယ်မှ ၂ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်မှ ၅ ဦးတို့အား စစ်ကောင်စီတပ်များကာ စွပ်စွဲဖမ်းဆီးခဲ့ခြငးဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ခုနစ်ဦးမှာ မအေးအေးမင်း၊ ကိုနိုင်လတ်(ခ) ကိုလတ်၊ ကိုအုန်းမြင့်၊ ကိုနေလင်းထိုက်၊ ကိုကျော်သက်ပိုင်၊ ကိုခန့်မှူးဇော်၊ ကိုသက်စိုးဦး၊ ကိုမင်းခန့်ဇော် တို့ဖြစ်ကြကြောင်း ဖမ်းဆီးခံရသူအချို့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။