ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

ထိုင်ဝမ်သို့ ဒေါ်လာ ၃၄၅ သန်းတန်ကြေးရှိ စစ်ရေးအကူအညီပေးအပ်မယ့် အစီအစဉ်သစ်တစ်ရပ်ကို အ မေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။

အမေရိကန်စစ်တပ်မှ စစ်လက်နက်တွေ ထောက်ပံ့ဖို့အပြင် စစ်ရေးလေ့ကျင့်မှုနဲ့ ပညာပေးမှုပါဝင်တဲ့ လုံ ခြုံရေးဆိုင်ရာ အကူအညီသစ်ကို သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့သောကြာနေ့မှာ ကြေညာခဲ့ပါ တယ်။

အမေရိကန်က ထိုင်ဝမ်သို့ထောက်ပံ့မယ့် စစ်ရေးအကူအညီထဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ သေနတ်တွေနဲ့ ဒုံးကျည်တွေ ပါဝင်တယ်လို့ AP သတင်းဌာနက အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူတစ်ဉီး ကို ကိုးကားပြီး ဖော်ပြပါတယ်။

ထိုင်ဝမ်က အမေရိကန်စစ်တပ်ထံမှ စစ်လက်နက်တွေ တိုက်ရိုက် လက်ခံရရှိတာ ပထမဆုံးအကြိမ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံကပေးအပ်တဲ့ စစ်ရေးအကူအညီကြောင့် ထိုင်ဝမ်အနေနဲ့ ကာကွယ်ရေးစွမ်းပကားတွေကို မြန်ဆန်စွာ အဆင့်မြှင့်တင်နိုင်တော့မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အား တိုးမြှင့်တည်ဆောက်မှုကြောင့် အမေရိကန်အစိုးရက ထိုင်ဝမ်သို့ လက် နက်ရောင်းချမှုတွေ တိုးမြှင့်ပေးနေပါတယ်။

ကိုးကား – NHK
Ref; US to provide Taiwan with $345 million military aid from stockpiles

#Ayeyarwaddy_Times