နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊ ချင်းတွင်းမြစ်အတွင်းရှိ စစ်ကောင်စီတပ် ရိက္ခာပို့ စစ်ရေယာဥ်များကို ယမန်နေ့ ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း (၂၈) ဆားလင်းကြီးမြို့နယ်ပလဖတပ်ဖွဲ့ နှင့် ဒေသကာ ကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ ထံကသိရသည်။

ရေစကြိုမြို့နယ်ဘက်မှ ချင်းတွင်းမြင့်အထက်ပိုင်းသို့ ယမန်နေ့ မွန်းလွဲ ၃နာရီခန့်က စစ်သင်္ဘောလေးစီး နှင့် ဖလပ်တွဲ သင်္ဘောတစ်စီးကို စောင့်၍ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

“စစ်ကောင်စီတပ်ကတော့ ငါးဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိနိုင်တယ်။ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်နှစ် ဦးဒဏ်ရာ ရရှိခဲ့ တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်” ဟု ဓာမဆိုင်းတပ်ရင်း တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် ရေယာဥ်များကို ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း (၂၈) မှ ဦးဆောင်ကာ ဆားလင်းကြီး ပလဖ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ဓါတ်ပုံ – ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ် သင်္ဘောများ သွားလာနေစဉ်
#စစ်ကောင်စီတပ် #ချင်းတွင်းမြစ် #ရေကြောင်း #စစ်ရေယာဥ် #ကြားဖြတ်တိုက်ခိုက် #Ayeyarwaddy_Times